ဇမ္ဗူသီရိမြို့နယ် အတွင်းရှိ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားခဲ့သည့် ပြည်သူများအား ဆန်အိတ် (၅၁၀) အိတ် လှူဒါန်း

ဇမ္ဗူသီရိ အောက်တိုဘာ ၂၉

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားခဲ့သည့် ပြည်သူများအား နေပြည်တော်ကောင်စီမှ APTERR  TIER-3 အစီအစဉ်ဖြင့် ဂျပန်နိုင်ငံ (MAFF) မှ လှူဒါန်းသော ထောက်ပံ့ဆန် ပေးအပ်လှူဒါန်းပွဲကို   ယမန်နေ့ မွန်းလွဲ (၁) နာရီက  ဇမ္ဗူသီရိမြို့နယ်  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန   အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ဇမ္ဗူသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမျိုးထွန်းက ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားခဲ့သည့် ပြည်သူများအတွက် ဆန်အိတ်များ လှူဒါန်းမှုနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားပြီး ဇမ္ဗူသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ တတိယလှိုင်းတွင် ရောဂါပိုး ကူးစက်ခံခဲ့ရသည့် ပြည်သူများအတွက် ဆန် (၅၁၀) အိတ်ကို ထောက်ပံ့ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူပြီး ဇမ္ဗူသီရိမြို့နယ် မင်္ဂလာသိဒ္ဓိ ရပ်ကွက်၊ အုပ်ချုပ်ရေးမှူး ဦးခင်ဇော်မှ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားခဲ့သော ပြည်သူများ ကိုယ်စား ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

အခမ်းအနားသို့ ဇမ္ဗူသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမျိုးထွန်းနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် မြို့နယ်အတွင်း ကိုဗစ် ရောဂါ ဖြစ်ပွားခဲ့သည့် ပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

မြို့နယ် (ပြန်/ဆက်)