နောင်တရား အောက်တိုဘာ ၂၉
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ တီကျစ်ကျေးရွာအုပ်စု၊ တီကျစ် အ.ထ.ကကျောင်း၌ အသက်(၁၈)နှစ်အထက် ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံသူ (၃၆၅)ဦးရှိကြောင်းသိရသည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် နိုင်ငံတော်မှ ကာကွယ်ဆေး လုပ်ငန်းများကို ဦးစားပေးအစီအလိုက် စက်တင်ဘာလ ၂၂၊ ၂၃၊ ၂၅ရက်နေ့များတွင် ပထမအကြိမ် ကာကွယ်ဆေးထိုးနှံထားသည့် ပြည်သူများကို အောက်တိုဘာလ ၂၈ ရက်နေ့တွင် တီကျစ် အ.ထ.ကကျောင်း၌ ဒုတိယအကြိမ်အဖြစ် စတင်ထိုးနှံပေးလျက်ရှိသည်။ တီကျစ်ကျေးရွာအုပ်စု၊ မြင်းတွင်းကျေးရွာအုပ်စု၊ ဘုရားဖြူကျေးရွာအုပ်စု၊ မွေးပြင်ကျေးရွာအုပ်စု၊ ပင်ခင်ကျေးရွာအုပ်စု၊ လွယ်မောကျေးရွာအုပ်စု၊ ဘန့်ပြင်ကျေးရွာအုပ်စုနှင့် လုံးပိုးကျေးရွာအုပ်စု အတွင်းမှ ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပြီးသည့် ပြည်သူများကို ဒုတိယအကြိမ် ကာကွယ်ဆေး ဆက်လျက်ထိုးနှံပေးနေပြီး ကာကွယ်ဆေးထိုးနှံပြီးသူ(၃၆၅)ဦး ရှိကြောင်းသိရသည်။
ခွန်အောင်(နောင်တရား)