နောင်တရားဈေးအဝင်၌ ဈေးရောင်း၊ ဈေးဝယ်များကို RDT ဖြင့် အခမဲ့စစ်ဆေးရာ (၈)ဦး ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိ

နောင်တရား   အောက်တိုဘာ ၂၉

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြိုနယ်၊ နောင်တရား ဈေးအဝင်၌ ဈေးရောင်းဈေးဝယ်များကို RDTဖြင့် ကိုဗစ်-၁၉ရောဂါပိုး ရှိမရှိ ယနေ့နံနက်ပိုင်းတွင် အခမဲ့စစ်ဆေးပေးသည်။

နောင်တရားဈေးနေ့၌ ကိုဗစ်-၁၉ရောဂါကူးစက်မှုမရှိစေရေးအတွက် ဈေးရောင်း၊ ဈေးဝယ်များကို RDT ဖြင့် ကိုဗစ်-၁၉ရောဂါပိုး ရှိမရှိစစ်ဆေးပေးလျက်ရှိပြီး ကိုဗစ်-၁၉ရောဂါပိုး ရှိမရှိ စစ်ဆေးခံပြီးမှသာ ဈေးရောင်း၊ဈေးဝယ်ခွင့်ပြု ပေးလျက်ရှိသည်။ RDTဖြင့် ဈေးရောင်း၊ ဈေးဝယ်(၁၉၁)ဦးကို ကိုဗစ်-၁၉ရောဂါပိုးရှိမရှိစစ်ဆေးရာ (၈)ဦးရောဂါပိုးတွေ့ရှိသည်။ နောင်တရား ဈေးကို ငါးရက် တစ်ကြိမ်ဖွင့်လှစ်ရောင်းချလျက်ရှိပြီး ဈေးသည်များကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးထားပြီးဖြစ်သည်။ အဆိုပါ ရေားဂါထိန်းချုပ် ခြင်းလုပ်ငန်းကို ကျန်းမာရေးဌာနဝန်ထမ်းများ၊ ဌာနဆိုင်ရာများနှင့် နောင်တရားမြို့ ပရဟိတအဖွဲ့များက ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

အောင်တိုဘာလ ၂၇ ရက်နေ့တွင်  နောင်တရားမြို့၌  ကိုဗစ်-၁၉ရောဂါပိုး ထပ်မံတွေ့ရှိသူ (၉)ဦးရှိပြီး ယနေ့အထိ ကုသမှုခံယူနေသူ ၃၁ ဦး ကျန်ရှိနေပြီး လွှဲပြောင်းလူနာ (၁)ဦး ရှိကြောင်း သိရသည်။

ခွန်အောင်(နောင်တရား)