သတင်းများ

မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် စာသင်ကျောင်းအုတ်တံတိုင်းပေါ် သစ်ပင်ပြိုလဲကျမှု ဖြစ်ပွား
Jun 19,2021
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ ရွှေလောင်းအုပ်စု၊ ရွှေလောင်းကျေး ရွာတွင် ယမန်နေ့ ညနေ ၄ နာရီအချိန်ခန့်က မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် စာသင်ကျောင်းအုတ်တံတိုင်းပေါ် သစ်ပင်ပြိုလဲကျမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
၂၀၂၀ပြည့်နှစ် သဘာ၀ဘေးအန္တရာယ် (မိုးလို/မိုးခေါင်မှု)ကြောင့် ထိခိုက်ပျက်စီးခဲ့သည့်သီးနှံများအတွက် ထောက်ပံ့ကြေးငွေပေးအပ်ပွဲကျင်းပ
Jun 18,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်း အဝေးခန်းမတွင် မြို့နယ်အတွင်း ၂၀၂၀ပြည့်နှစ် သဘာ၀ဘေးအန္တရာယ် (မိုးလို/မိုးခေါင်မှု)ကြောင့် ထိခိုက် ပျက်စီးခဲ့သည့် သီးနှံများအတွက် တောင်သူများအားထောက်ပံ့ကြေးငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ကျင်းပသည်။
ကျောက်တံခါးမြို့နယ်၌ အ-ထ-က(ခွဲ)မှန်ချောင်း ဝန်ထမ်းအိမ်ယာဆောက်လုပ်နေမှု အခြေအနေအား မြို့နယ်တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး
Jun 18,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင် ကျောက်တံခါးမြို့နယ် မှန်ချောင်းကျေးရွာ၌ အ-ထ-က(ခွဲ) မှန်ချောင်း ဝန်ထမ်းအိမ်ယာ ဆောက်လုပ်နေမှုအခြေအနေအား ယမန်နေ့ နေ့လယ်(၂) နာရီအချိန်က မြို့နယ်တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
တောင်တွင်းကြီးမြို့နယ်တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု စတီး/သံဂဟေဆက် သင်တန်းဖွင့်လှစ်
Jun 18,2021
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ညောင်ပင်သာကျေးရွာ ဘုရားကျောင်းတွင် ကျေးလက်နေပြည် သူများ မိသားစုဝင်ငွေရရှိစေရန်၊ တစ်ပိုင်တစ်နိုင်လုပ်ငန်းများ လုပ်ကိုင်နိုင်စေရန်၊ အလုပ်အကိုင်အခွင့် အလမ်းများရရှိစေရန် ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု စတီး/သံဂဟေဆက်သင်တန်းကို ယနေ့နံနက်(၉:၀၀)နာရီက ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။
ပင်လည်ဘူးမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ (Woman Club) စာဖတ်ဝိုင်း ကျင်းပ
Jun 18,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ပင်လည်ဘူးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် (Woman Club) အသင်းတို့ ပူးပေါင်း၍ မှိုင်း(ဆေး-၂)ရေးသားသည့် "အသီးအရွက် နီးလျက် မဝေးစေလို" စာအုပ်အား စာဖတ်ဝိုင်းပြုလုပ်ခြင်းကို ယနေ့ နေ့လယ်(၂)နာရီက ပင်လည်ဘူးမြို့နယ်ရုံး လူထုအခြေပြု ဗဟိုဌာန(Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
နယ်လှည့်စာကြည့်တိုက်နှင့်စာဖတ်ဝိုင်း ကွင်းဆင်းဆောင်ရွက်
Jun 18,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ယနေ့မွန်းလွဲ ၁ နာရီအချိန်က ခိုမုန်းကျေးရွာအုပ်စု၊ အောင်မြေသာယာ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၌ လူငယ်များစာဖတ်သည့် အလေ့အထကောင်းများ ရရှိစေရန်နှင့် စာဖတ်ခြင်းဖြင့် အသိပညာဗဟုသုတတိုးပွားလာစေရန် ရည်ရွယ်၍ နယ်လှည့်စာကြည့်တိုက်နှင့် စာဖတ်ဝိုင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပူတာအိုခရိုင်အတွင်းရှိ ထုံးကျောက်တောင်များ အား ကွင်းဆင်းလေ့လာကြမည့် ဘူမိဗေဒပညာရှင်အဖွဲ့ဝင်များအား အုပ်ချုပ်/ထောက်ပံ့ဆိုင်ရာ လုပ်ငန်းများ ညှိနှိုင်းဆောင်ရွက်ပေး
Jun 18,2021
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်အတွင်းရှိ ထုံးကျောက်များ ထွက်ရှိနိုင်မည့် ထုံးကျောက် တောင်များအား ကွင်းဆင်းလေ့လာရေးဆောင်ရွက်ကြမည့် ဘူမိဗေဒအဖွဲ့များ၏ ခရီးစဉ်အတွက် အုပ်ချုပ်/ ထောက်ပံ့မှုဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီတွင် ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
စစ်ကိုင်းမြို့တွင် အသက်(၂၅)နှစ်အောက် ဖူဆယ် အမျိုးသားဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပေးအပ်
Jun 18,2021
စစ်ကိုင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား မြို့နယ်အလိုက် အသက်(၂၅)နှစ်အောက်ဖူဆယ် အမျိုးသားဘော့လုံးပြိုင်ပွဲ ဆုပေးအပ်ချီးမြှင့်ပွဲကို ဇွန်(၁၈)ရက်၊ မွန်းလွဲ(၁)နာရီက စစ်ကိုင်းနှစ်(၇၀၀) ကွင်းအတွင်းရှိ ဖူဆယ် အားကစားရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။