သတင်းများ

မဘိမ်းမြို့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းသား/သမီးများအား ပညာသင်စရိတ်ထောက်ပံ့ပေးအပ်
Jun 18,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန ဝန်ထမ်းသား/သမီးများအား ပညာသင်စရိတ်ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ယနေ့ နံနက် ၈ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။
ကော့ကရိတ်မြို့ ဇိနသုခလောကသရဖူစေတီတော်မြတ် သဟပုကာရီသာသနာ့ဗိမာန်တော်တွင် ပဋ္ဌာန်းသိမ်းအောင်ပွဲ ကျင်းပ
Jun 18,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် (၂၉)ကြိမ်မြောက် နေ့၊ ည အသံမစဲမဟာပဋ္ဌာန်းဒေသနာတော်ရွတ်ဖတ်ပူဇော်ပွဲ အောင်မြင်ခြင်း အထိမ်းအမှတ်  ပဋ္ဌာန်းသိမ်းအောင်ပွဲနှင့် ဆွမ်း ဆန်စိမ်းလောင်းလှူပွဲကို ယနေ့ ညနေ ၁နာရီအချိန်က ကော့ကရိတ်မြို့ ကျက်သရေဆောင်ဖြစ်တော်မူသော ဇိနသုခ လောကသရဖူစေတီတော်မြတ် သဟပုကာရီသာသနာ့ဗိမာန်တော်၌ ကျင်းပခဲ့သည်။
မူဆယ်မြို့တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေ
Jun 18,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်တားဆီးရေးအတွက် (၁၂-၆-၂၀၂၁)ရက်နေ့မှ စတင်ကာ နေ့စဉ် နံနက်(၈)နာရီမှ နေ့လည်(၁)နာရီအထိ၊ လူစည်ကားရာ နေရာများနှင့် လမ်းဆုံလမ်းမများတွင် ပြည်သူများအား နှာခေါင်းစည်း Mask များ စနစ်တကျ တပ်ဆင်စေရန်နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်သော စည်းကမ်းချက်များအား လိုက်နာ၍ သွားလာနေထိုင်ကြရန် အသိပညာပေးခြင်း နှာခေါင်းစည်း Mask  များ အခမဲ့ဖြန့်ဝေခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နောင်ချိုမြို့ သဖန်းကိုင်း ပရဟိတကျောင်းတွင် Quaratine စင်တာ ဖွင့်လှစ်ရန်ပြင်ဆင်ထားရှိ
Jun 18,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း)  နောင်ချိုမြို့နယ်ရှိ ပြည်သူများ ကိုဗစ်-၁၉ရောဂါကူးစက်မှုမှ ကြိုတင် ကာကွယ်နိုင်ရေးအတွက် ရည်ရွယ်၍ နောင်ချိုမြို့ သဖန်းကိုင်းပရဟိတကျောင်းတွင် Quaratine စင်တာဖွင့် လှစ်၍ ပြင်ဆင်ထားရှိကြောင်း သိရသည်။
ကော့ကရိတ်ခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌   စာဖတ်ဝိုင်းကျင်းပ
Jun 18,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်းများအား စာပေဗဟုသုတ ပြည့်စုံစေရန်၊ နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်ဆိုင်ရာ စံတန်ဖိုးများကို ဝန်ထမ်းများအနေဖြင့် သိရှိပြီး လိုက်နာ​ဆောင်ရွက်နိုင်ရန်၊ အချင်းချင်းဝိုင်းဖွဲ့ဆွေးနွေးခြင်းဖြင့် အတွေးအခေါ် အသိအမြင်များ ရရှိပြီး ပြန်လည်မျှဝေတတ်စေရန် ရည်ရွယ်၍ နိုင်ငံပိုင်သတင်းစာတွင် ပါရှိသည့် နိုင်င်ငံ့ဝန်ထမ်းကျင့်ဝတ်ဆိုင်ရာ စံတန်ဖိုးများ ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် (၁၁)နာရီအချိန်က အဆိုပါခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပခဲ့သည်။
နောင်ချိုမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စားသုံးသူအသိပညာပေး Talk  Show ဆောင်ရွက်
Jun 18,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း) နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၁၁ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ စားသုံးသူ အသိပညာပေး Talk Show ဆွေးနွေးပွဲကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဥတ္တရသီရိမြို့နယ် ပန်းတင်ကျေးရွာတွင် မြစိမ်းရောင် အရင်းမပျောက် လည်ပတ်ရန်ပုံငွေထုတ်ချေးပေး
Jun 18,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရသီရိမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေး ဦးစီးဌာနမှ ကျေးလက်နေပြည်သူများ မိသားစုစားဝတ်နေရေး အဆင်ပြေစေရေးအတွက် ယနေ့ နံနက် ၁၀ နာရီက တတိယအကြိမ်မြောက် မြစိမ်းရောင်အရင်း မပျောက်လည်ပတ် ရန်ပုံငွေ ထုတ်ချေးပေးခြင်းကို ဥတ္တရသီရိမြို့နယ်၊ပန်းတင်ကျေးရွာတွင် ဆောင်ရွက်ခဲ့သည်၊၊
ဇေယျာသီရိ၌ Mask Campaign ဆောင်ရွက်
Jun 18,2021
နေပြည်တော်၊    ဇေယျာသီရိမြို့နယ်တွင်   ဌာနဆိုင်ရာ ဝန်ထမ်းများစုပေါင်း၍  Mask   Campaign ပြုလုပ်ခြင်းကို ယနေ့နံနက်ပိုင်းက ပြည်စံအောင်ဈေးနှင့် ရန်ကုန်-မန္တလေးလမ်းဟောင်း၌ ပြုလုပ်ခဲ့သည်။