ကျောက်မဲမြို့နယ်၊ နမ့်ဟူးကတ်(သက်သတ်လွတ်) ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း ဆရာတော် အရှင် ဇာဂရ ၏ အန္တိမ ဈာပန ကျင်းပ

ကျောက်မဲ အောက်တိုဘာ ၂၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ ခိုမုံး ကျေးရွာ ၊ နမ့်ဟူးကတ် ဆရာတော် အရှင်ဇာဂရ ဘိဝံသ၏ အန္တိမ အဂ္ဂိ ဈာပနကို အဆိုပါ နမ့်ဟူးကတ် ဘုန်းတော်ကြီး ကျောင်းဝင်းအတွင်း ကျင်းပပြီး ယမန်နေ့ နံနက် ၉နာရီ အချိန်က ဆရာတော်၏ ကြွင်းကျန် ရုပ်ကလပ်တော်ကို မီးသင်္ဂြိုလ်ခဲ့ကြောင်း သိရသည်။

အဆိုပါ နမ့်ဟူးကတ် ဆရာတော်သည် သက်တော် ၈၆ နှစ်၊ ဝါတော် ၆၆ ဝါရှိပြီး အောက်တိုဘာ ၂၃ ရက်နေ့ နံနက် ၉ နာရီ အချိန်က ဘဝနတ်ထံပျံလွန်တော်မူခဲ့သည်။  ဆရာတော်၏ ဘုရားကြီး၏ ကြွင်းကျန် ရုပ်ကလပ်တော်ကို ၅ ရက်ကြာ အပူဇော်ခံထားရှိ ပြီး ယနေ့တွင် မီးသင်္ဂြိုလ်ခဲ့သည်။

အဆိုပါ ဆရာတော်အား မီးလွတ်ဆရာတော်၊ သက်သတ်လွတ်ဆရာတော် အဖြစ် လူသိများ ကျော်ကြားသောကြောင့် ဆရာတော်၏ အန္တိမ ဈာပနသို့ လာရောက်ပူဇော်သူ များပြားကြောင်း သိရသည်။

မိုင်းထွန်း(ပြန်/ဆက်)