ဖျာပုံမြို့၊ အောက်ကွင်းကျေးရွာအုပ်စုသို့ ဆေးကုသခြင်းနှင့် ကျန်းမာရေးအသိပညာပေး ကွင်းဆင်းဆောင်ရွက်
Oct 28,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် တိုင်းရင်းဆေးပညာဦးစီးဌာန၊ ခရိုင်တိုင်းရင်းဆေးကုဌာနမှ တိုင်းရင်းဆေးဦးစီးမှူး ဒေါ်ဝင်းမာထွန်းနှင့် ဝန်းထမ်းများသည် ကျေးလက်နေပြည်သူများ၏ တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း ကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က၊ ဖျာပုံမြို့နယ် အောက်ကွင်းကျေးရွာသို့ ကွင်းဆင်း၍ ဆေးကုသခြင်းနှင့် ကျန်းမာရေး အသိပညာပေး ဟောပြောကြကြောင်း သိရှိရသည်။