ထန်းတပင်၌ ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေးသော နိုင်ငံသားစိစစ်ရေး ကတ်ပြားများအား ကျေးရွာနေပြည်သူများထံ ပေးအပ်
Jun 18,2021
ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ဆောင်ရွက် ပေးခြင်းကို ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဆိုင်ရာ ဦးစီးဌာနမှူးရုံးမှ ဝန်ထမ်းများက မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများအရောက် ကွင်းဆင်းပြုလုပ်ဆောင်ရွက် ပေးလျက်ရှိပြီး ယနေ့နံနက်ပိုင်းက အတွင်းရေကျော်ကျေးရွာနှင့် စံကင်းကြီးကျေးရွာတို့တွင် ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းပြုလုပ် ဆောင်ရွက်ပေးခဲ့သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကျေးရွာနေ ပြည်သူများထံသို့ တာဝန်ရှိသူများက ပေးအပ်ခဲ့ကြကြောင်း သိရသည်။