နောင်တရား အောက်တိုဘာ ၂၉
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့ အ.ထ.ကကျောင်း၌ အသက်(၁၈)နှစ်အထက် ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံသူ (၈၈၀)ဦးရှိကြောင်းသိရသည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် နိုင်ငံတော်မှ ကာကွယ်ဆေး လုပ်ငန်းများကို ဦးစားပေးအစီအလိုက် စက်တင်ဘာလ ၂၄၊ ၂၈၊ ၂၉ရက်နေ့များတွင် ပထမအကြိမ် ကာကွယ်ဆေးထိုးနှံထားသည့် ပြည်သူများကို အောက်တိုဘာလ ၂၇ ရက်နေ့တွင် နောင်တရားမြို့ အ.ထ.ကကျောင်းစုရက်၌ ဒုတိယအကြိမ်အဖြစ် စတင်ထိုးနှံပေးလျက်ရှိသည်။ နောင်ပီအုပ်စု၊ ပေါ့ယားအုပ်စု၊ နန်းပုလင်းအုပ်စု၊ ပေါ့အင်အုပ်စု၊ မြောက်ထီဗွာအုပ်စု၊ နောင်တရားမြို့ အမှတ်(၁)ရပ်ကွက်၊ အမှတ်(၂)ရပ်ကွက်၊ အမှတ်(၃)ရပ်ကွက်အတွင်းမှ ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပြီးသည့် ပြည်သူများကို ဒုတိယအကြိမ် ကာကွယ်ဆေး ဆက်လျက်ထိုးနှံပေးနေပြီး ကာကွယ်ဆေးထိုးနှံပြီးသူ(၈၈၀)ဦး ရှိကြောင်းသိရသည်။
အောင်တိုဘာလ ၂၇ ရက်နေ့တွင် နောင်တရားမြို့တွင် ကိုဗစ်-၁၉ရောဂါပိုး ထပ်မံတွေ့ရှိသူ (၉)ဦးရှိပြီး ယနေ့အထိ ကုသမှုခံယူနေသူ ၃၁ ဦး ကျန်ရှိနေပြီး လွှဲပြောင်းလူနာ (၁)ဦး ရှိကြောင်းသိရသည်။
ခွန်အောင်(နောင်တရား)