ရွှေကူမြို့၌ ၂၀၂၁ ခုနှစ် မိုးရာသီ တစ်အုပ်တစ်မ သစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ
Jun 18,2021
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ် သစ်တောဦးစီးဌာနနှင့် ဒေသနေပြည်သူတို့ ပူးပေါင်း၍ သစ်တော သစ်ပင်များကို ပြုစုပျိုးထောင်ခြင်းဖြင့် အနာဂတ်မျိုးဆက်သစ်များ သာယာလှပသည့် အနာဂတ် ဘဝများရရှိစေရန်၊ သစ်တောသယံဇာတများ ပြုစုပျိုးထောင်ပေးရန်၊ တစ်ပင် စိုက်လျှင် တစ်ပင်ရှင်ရမည်၊ “သင့်အတွက်သစ်ပင်” ရှင်အောင်စိုက်ပျိုး၊ ကြီးအောင်ပြုစု၊ မြဲအောင် ထိန်းသိမ်းပေးရန် ရည်ရွယ်၍ ၂၀၂၁ ခုနှစ်၊ မိုးရာသီတစ်အုပ်တစ်မ သစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ဗန်းမော်−ရွှေကူ−ငအိုးလမ်း (အောက်လေးလမ်းဆုံ) ရွှေကူကြိုးဝိုင်း အကွက်အမှတ်(၃၁)အတွင်း ကျင်းပပြုလုပ်ခဲ့သည်။