သတင်းများ

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အခြေခံစက်ချုပ်သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ
Jun 18,2021
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီဌာနမှ တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နိုင်ရန်အတွက် ကျေးလက်နေပြည်သူများအား အခြေခံစက်ချုပ်သင်တန်း များကို သင်ကြားပို့ချပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက အခြေခံစက်ချုပ်သင်တန်းဆင်းပွဲကို အဆိုပါဦးစီးဌာနရုံးတွင် ကျင်းပခဲ့သည်။
ဗန်းမော်ခရိုင်လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် စာဖတ်ဝိုင်းကျင်းပ
Jun 18,2021
ကချင်ပြည်နယ် ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့တွင် ဒေသခံပြည်သူများ၊ စာပေဝါသနာရှင် များအား စာပေဖတ်ရှုခြင်းဖြင့် အသိဉာဏ်ပညာနှင့် ဗဟုသုတများ တိုးတက်စေရန်၊ စာဖတ်သည့် အလေ့အကျင့်တိုးပွားလာစေရေးနှင့်စာပေချစ်သူများ အချင်းချင်းဝိုင်းဖွဲ့ ဆွေးနွေး တတ်စေရန် ရည်ရွယ်၍ ဇွန် ၁၈ ရက် နံနက် ၁၀ နာရီက ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ခရိုင်လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ စာဝိုင်းကျင်းပပြုလုပ်ခဲ့သည်။
မံစီမြို့နယ်၌ ပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး
Jun 18,2021
ကချင်ပြည်နယ် ဗန်းမော်ခရိုင်၊ မံစီမြို့နယ်၌ ပြည်သူများအား ဥပဒေနှင့်အညီ အိမ်ထောင်စု လူဦးရေစာရင်းနှင့်နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေးအတွက် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မံစီမြို့နယ်ဦးစီးမှူးရုံးမှ “ပန်းခင်း”စီမံချက်ဖြင့် ယနေ့ နံနက် ၉ နာရီက မံစီမြို့ ဂျိန်းဖော့မြေရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ပုသိမ်မြို့နယ်အတွင်း ကျေးလက်ရေရရှိရေးလုပ်ငန်းများ၊ကျေးလက်ကုန်ထုတ်လမ်းများလွှဲပြောင်း ပေးအပ်ခြင်းနှင့် လှည့်ပတ် ပြုပြင်ထိန်းသိမ်းနည်း သင်တန်းဖွင့်လှစ်ပို့ချ
Jun 18,2021
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် ၁၀၀% ပြီးစီးခဲ့ပြီးဖြစ်သော ကျေးလက်ရေရရှိရေးလုပ်ငန်းများ၊ ကျေးလက်ကုန်ထုတ်လမ်းများ လွှဲပြောင်း ပေးအပ်ခြင်းနှင့် လှည့်ပတ် ပြုပြင်ထိန်းသိမ်းနည်းသင်တန်းဖွင့်လှစ်ပို့ချခြင်း ယမန်နေ့ နံနက်(၁၁)နာရီအချိန်တွင် ပုသိမ်မြို့နယ် ရှိမြို့နယ်စုပေါင်းရုံးခန်းမတွင် ကျင်းပ ပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပုသိမ် မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ၊ သက်ဆိုင်ရာကျေးရွာစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ကျေးရွာ ကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။
ဆောင်ရွက် ထားရှိမှုဧရာဝတီတိုင်းဒေသကြီး သမဝါယမသင်တန်းကျောင်းတွင် COVID-19 Quarantine Center ပြင်ဆင်
Jun 18,2021
၂၀၂၁ ခုနှစ်၊ ဇွန်လ၊ (၁၈)ရက်နေ့ ၊ နံနက်(၀၉၀၀)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်သည် ကောင်စီအဖွဲ့ဝင်များ၊ ကောင်စီအတွင်းရေးမှူး၊ တိုင်း/ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပုသိမ်မြို့၊ သမဝါယမသင်တန်း ကျောင်းရှိ COVID-19 Quarantine Center ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေ များအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ ပုသိမ်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးယောမင်းထွန်းမှ ကိုဗစ်-၁၉ ရောဂါ သံသယလူနာများ ထားရှိရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေများအားရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌမှ သံသယလူနာများအတွက် နေထိုင်မှုအဆင်ပြေ ချောမွေ့စေရေးနှင့် အဆောက်အဦပတ်ဝန်း ကျင်သန့်ရှင်းရေးတို့အား အလေးထား ဆောင်ရွက်ထားရှိရန် မှာကြားခဲ့သည်။
သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အဘိတ်ဆေးခပ်ခြင်းများ စုပေါင်းဆောင်ရွက်
Jun 18,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊လွိုင်လင်ခရိုင်၊မိုင်းနောင်မြို့နေပြည်သူများသွေးလွန်တုပ်ကွေးရောဂါမဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်နှိမ်နှင်းရေး(ဖုံး၊သွန်၊ခပ်၊စစ်)လုပ်ငန်းများနှင့် အဘိတ် ဆေးခပ်ခြင်းများကို ယနေ့ နံနက်(၉)နာရီ အချိန်က အထကကျောင်းနှင့် မြို့ပေါ်ရပ်ကွက်များ ရှိစျေးဆိုင်များ၊လူနေအိမ်များတွင် စုပေါင်းဆောင်ရွက်ခဲ့ပါသည်။
ရန်ကင်းမြို့နယ်အတွင်းရှိ အသက် (၈၅) နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများ လက်ဝယ်အရောက် ပေးအပ်
Jun 18,2021
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် အသက် (၈၅) နှစ်နှင့်အထက် သက်ကြီး ဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများ လက်ဝယ်အရောက် ပေးအပ်ခြင်းကို ယနေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထန်းတပင်မြို့တွင် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ (GAP) သင်တန်းဖွင့်လှစ်
Jun 18,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်  ထန်းတပင်မြို့နယ် မိုးကောင်းကျေးရွာ  စိုက်ပျိုးရေးဆိုင်ရာ လူထု အခြေပြု စခန်းတွင် မြို့နယ်ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေး ဦးစီးဌာနမှ၂၀၂၀ -၂၀၂၁ဘဏ္ဍာရေး နှစ်အတွင်း ဆောင်ရွက်သည့်  အသက်မွေးဝမ်းကျောင်း အထောက်အကူပြု  စိုက်ပျိုးရေးဆိုင်ရာ  အလေ့