နောင်တရား အောက်တိုဘာ ၂၉
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြိုနယ်၊ တီကျစ်ဈေး၌ ဈေးရောင်း၊ ဈေးဝယ်များကို RDTဖြင့် ကိုဗစ်-၁၉ရောဂါပိုး ရှိမရှိ အခမဲ့စစ်ဆေးပေးသည်။
တီကျစ်ဈေး၌ ကိုဗစ်-၁၉ရောဂါကူးစက်မှုမရှိစေရေးအတွက် ဈေးရောင်း၊ ဈေးဝယ်များကို RDTဖြင့် ကိုဗစ်-၁၉ရောဂါပိုး ရှိမရှိစစ်ဆေးပေးလျက်ရှိပြီး ကိုဗစ်-၁၉ရောဂါပိုး ရှိမရှိ စစ်ဆေးခံပြီးမှသာ ဈေးရောင်း၊ဈေးဝယ်ခွင့်ပြု ပေးလျက်ရှိသည်။ RDTဖြင့် ဈေးရောင်း၊ ဈေးဝယ်(၁၆၀)ဦးကို ကိုဗစ်-၁၉ရောဂါပိုးရှိမရှိစစ်ဆေးရာ (၁၂)ဦးရောဂါပိုးတွေ့ရှိသည်။ တီကျစ်ဈေးကို ငါးရက် တစ်ကြိမ်ဖွင့်လှစ်ရောင်းချလျက်ရှိပြီး ဈေးသည်များကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးထားပြီးဖြစ်သည်။ အဆိုပါ ရေားဂါထိန်းချုပ် ခြင်းလုပ်ငန်းကို ကျန်းမာရေးဌာနဝန်ထမ်းများ၊ ဌာနဆိုင်ရာများနှင့် ပရဟိတအဖွဲ့များက ပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။
ခွန်အောင်(နောင်တရား)