မှော်ဘီမြို့နယ်အတွင်းရှိ ကျေးရွာလေးရွာတို့တွင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP)ကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်
Oct 30,2021
ကျေးရွာဖွံဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ကျေးရွာနေပြည်သူများ ကိုယ်တိုင်ရွေးချယ်၍ အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP)ကို ၂၀၂၁ -၂၀၂၂ ဘဏ္ဍာရေး နှစ်၊ ခြောက်လဘတ်ဂျတ်ဖြင့် ရန်ကုန်မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်အတွင်းရှိကျေးရွာလေးရွာတို့တွင် အကောင်အထည်ဖော် ဆောင် ရွက်သွားမည်ဖြစ်ကြောင်း မှော်ဘီမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြိုနယ်ဦးစီးမှူး ဦးတင်စိုးထံမှသိရသည်။