သတင်းများ

ရေတာရှည်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး အသိပညာပေး နှိုးဆော်မှုများ ပြုလုပ်
Jun 19,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ယမန်နေ့ မွန်းလွဲပိုင်းတွင် ပြည်သူများ သိရှိလိုက်နာရမည့် အချက်များ၊ ဆောင်ရန်/ရှောင်ရန်များအား နှိုးဆော်အသိပေး ဆောင်ရွက်ခြင်းနှင့် ကိုဗစ်- ၁၉ ရောဂါ ကြိုတင်ကာကွယ်​ရေး အသိပညာ​ပေး နံရံကပ်စာ​စောင်အား ပြသခြင်းများ ဆောင်ရွက်ခဲ့သည်။
သာစည်မြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး
Jun 19,2021
မန္တလေးတိုင်းဒေသကြီး  သာစည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်လျက်ရှိသော ကျေးရွာတွင်း ကွန်ကရစ် လမ်းခင်းခြင်း၊ ကျေးရွာကုန်ထုတ်လမ်းခင်းခြင်းနှင့် ကျေးရွာရေရရှိရေး လုပ်ငန်းများကို တာဝန်ရှိသူများ ယမန်နေ့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။
လားရှိုးမြို့၌ အပြင်ထွက်တိုင်း နှာခေါင်းစည်းတပ်ဆင်ရေး ရပ်ကွက်တိုင်း လှုပ်ရှားဆောင်ရွက်
Jun 19,2021
ကူးစက်မြန် သန္ဓေပြောင်း ကိုဗစ်(၁၉) ရောဂါပိုးသည် လားရှိုးမြို့၌ ဇွန်လ(၉)ရက်နေ့မှ စတင်တွေ့ရှိခဲ့ရာ ယနေ့အထိ ကူးစက်သူဦးရေများပြားလာခဲ့ပြီးဖြစ်သည်။
သဲကုန်းမြို့ သီတဂူရွှေဥရာစုသစ်စက္ကူဒါနဆေးရုံတွင် ထားရှိသည့် Quarantine Centre အား စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
Jun 19,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့ သီတဂူရွှေဥရာစုသစ်စက္ကူဒါနဆေးရုံတွင် ထားရှိသည့် Quarantine Centre အား ယနေ့နံနက် ၇ နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများက Quarantine Centre အတွင်း သန့်ရှင်ရေးဆောင်ရွက်ခြင်း၊ ကုတင်များ စနစ်တကျ ထားရှိခြင်းနှင့် အပြင်ဘက်ရှိ ချုံနွယ်များ၊ အမှိုက်များအား ခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်းများကို စုပေါင်းဆောင်ရွက်ပေးခဲ့ကြသည်။
ဗန်းမော်မြို့ ပေါက်ကုန်းရပ်ကွက်၌ "ပန်းခင်း" စီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်ပေး
Jun 19,2021
ကချင်ပြည်နယ် ဗန်းမော်မြို့နယ်တွင် ဒေသခံပြည်သူများအား ဥပဒေနှင့်အညီ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးနိုင်ရေးအတွက် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဆိုင်ရာ ဗန်းမော်မြို့နယ်ဦးစီးမှူးရုံးမှ "ပန်းခင်း" စီမံချက်ဖြင့် ယနေ့ နံနက် ၉ နာရီက ဗန်းမော်မြို့ ပေါက်ကုန်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ကွင်းဆင်းဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
ပူတာအိုမြို့၌ သဘာဝဝန်းကျင်နှင့်ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးအသိပညာပေးဟောပြော
Jun 19,2021
ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် ခါကာဘိုရာဇီအမျိုးသားဥယျာဉ် အုပ်ချုပ်ရေးမှူးရုံးနှင့်ဖုန်ကန်ရာဇီ တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော အုပ်ချုပ်ရေးမှူးရုံးတို့ ပူးပေါင်း၍ သဘာဝဝန်းကျင်နှင့် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ (၂)နာရီက ပူတာအိုမြို့ အမျိုးသမီးအိမ်တွင်းမှုသင်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့သည်။
သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးသွားသောချောင်းကူးတံတားအား ပြန်လည်ပြုပြင်
Jun 19,2021
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ်တွင် ဇွန်လ ၁၇ ရက်နေ့ ညနေ ၆ နာရီခန့်က သဘာဝဘေးအန္တရာယ်ကြောင့်ပျက်စီးသွားသော ကျောက်ဝကျေးရွာအုပ်စု ထန်းကုန်း ကျေးရွာနှင့်  မင်းအိုကျေးရွာအုပ်စု မင်းအိုကျေးရွာတို့အားဆက်သွယ်ထားသော ဘော်ဘင် ချောင်းကူးတံတားအား မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ပြန်လည်ပြုပြင်ပေးလျက်ရှိကြောင်း သိရသည်။
နွေအကုန် မိုးအကူးခရမ်းချဉ်သီးများ ရှားပါးချိန်ဖြစ်၍ ကျပ် ၂၀၀၀ ကျော်ဈေးအထိ မြင့်တက်
Jun 19,2021
စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထားပြီးလုပ်ကိုင်ကြသော မင်းဘူး(စကု)မြို့နယ်မှ တောင်သူများသည်  နွေအကုန် မိုးအကူး ခရမ်းချဉ်သီးများ ရှားပါးချိန်တွင်  ဈေးပြန်တက်လာသဖြင့် ခရမ်းချဉ်တုံးမသွားသေးဘဲ ကျန်ရှိနေသေးသည့် စိုက်ခင်းရှင်များ အဆင်ပြေလျက်ရှိကြောင်း ခရမ်းချဉ်စိုက် တောင်သူများထံမှ  သိရသည်။