မုဒုံမြို့နယ်၌ အမျိုးသမီးကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပ
Jun 21,2021
မွန်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်ချက်အရ မုဒုံမြို့နယ်၌ အမျိုးသမီးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ ညနေ၂နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနအစည်း အဝေးခန်းမ၌ပြုလုပ်ခဲ့ရာမြို့နယ်အမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ် ရေးမှူး ဦးတင့်ဇော်၊ ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနဦးစီးအရာရှိ ဒေါ်ဝင်းဝင်းမာ၊ မြို့နယ် ရဲတပ်ဖွဲ့မှူးရဲမှူးဝင်းဇော်၊ မြို့နယ် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မြို့နယ်အမျိုးသမီးရေးရာ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များတက်ရောက်သည်။