မင်းပြားမြို့၌အသက်(၁၂)နှစ်အထက် ကျောင်းသားကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ပထမအကြိမ်စတင် ထိုးနှံပေးလျက်ရှိ

မင်းပြား အောက်တိုဘာ ၁၈

 

ရခိုင်ပြည်နယ်၊မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်အတွင်းရှိ အသက်(၁၂)နှစ်အထက်ကျောင်းသား ကျောင်းသူဦးတည်အုပ်စုများအားကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဆက်လက် ထိုးနှံခြင်းကို ယနေ့ နံနက်(၉)နာရီအချိန်က စတင်ပြီးမင်းပြားမြို့နယ်၊ အခြေခံပညာကျောင်းအသီးသီးစုရပ်များ၌ ကာကွယ်ဆေးပထမအကြိမ်စတင်ထိုးနှံပေးလျှက်ရှိ ကြောင်းသိ ရသည်။

 

ထိုသို့ ကိုဗစ်-၁၉  ရောဂါကြိုတင်ကာကွယ်ဆေးများထိုးနှံရာ၌ မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးစိုးမိုး၏ စီစဉ်လမ်းညွန်ဆောင်ရွက်မှုဖြင့် မြို့နယ်ကျန်းမာရေး ဦးစီးဌာန မှူး ဒေါက်တာ နေဝင်းထွန်း   ဦးဆောင်၍ကျန်းမာရေးဝန်ထမ်းများ၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်ပညာရေးမှူးဦးစံသိန်းထွန်း၊အခြေခံပညာကျောင်းများမှ ကျောင်းအုပ် ကြီး နှင့်ဆရာ၊ဆရာမများ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများပူးပေါင်းပြီး အသက်(၁၂)အထက်ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ် ဆေးထိုးနှံရန် ကာကွယ်ဆေးဖြင့်လွှမ်းခြုံအပ်သော အနာဂတ်ပန်းခြင်းများဆီသို့ ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြား နိုင်ရန်၊ ပညာသင်ယူခွင့်၊ အခွင့်အလမ်းများရရှိလာစေရန် ကာကွယ်ဆေးလွှမ်းခြုံမှုအလျှင်အမြန် ရရှိစေရန်၊မိသားစုနှင့်ပတ်ဝန်းကျင်သို့ရောဂါကူးစက်ပြန့်ပွားမှုကိုတားဆီးနိုင်ရန်  ကိုဗစ်-၁၉  ရောဂါ ကူးစက်ပြန့်ပွားမှုမှလျော့ချနိုင်ရန်အတွက် ကိုဗစ်-၁၉ရောဂါ  ကာကွယ်ဆေးကိုထိုးနှံခြင်း ဖြစ်ပြီး ကျန်းမာရေးဝန်ထမ်း များကကာကွယ်ဆေး မထိုးမီလို အပ်သော ကျန်းမာရေး စောင့်ရှောက်မှုများ ဖြစ်သည့် ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်းချိန်တိုင်းတာပေးခြင်းနှင့် ပုံမှန်အနေအထား ရောက်မှသာကာ ကွယ်ဆေးထိုး နှံမည်ဖြစ်ပြီးနောက် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ဆေး ထိုးနှံပြီးသူများကိုမိနစ်(၃၀)ခန့်အနားယူစေခြင်းများအားစီစဉ်ဆောင်ရွက်ပေးလျက် ရှိရာလာရောက် ထိုးနှံကြ ကြောင်း သိရသည်။

 

သိန်းနုအောင်