ပြည်ကြီးမဏ္ဍိုင် မြို့ရှိအလယ်တန်း၊အထက်တန်းကျောင်းသား၊ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးစတင် ထိုးနှံပေး

ပြည်ကြီးမဏ္ဍိုင်  အောက်တိုဘာ ၁၈

    

တနသ်သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ် ၊ပြည်ကြီးမဏ္ဍိုင်မြို့နယ် မြေအတွင်းရှိ အလယ်တန်း၊အ ထက်တန်းကျောင်းသား၊ကျောင်းသူများအားကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinovac)ထိုးနှံပေးခြင်းကိုယနေ့နံနက်(၉)နာရီ က အလကပြည်ကြီး မဏ္ဍိုင်ကျောင်းတွင် ထိုးနှံပေးလျက်ရှိသည်။

             

အဆိုပါ ကာကွယ်ဆေးကို ကျန်းမာရေးဝန်ထမ်းများ၊ အမှတ်(၅၅၉)၊(၅၆၀)တပ်မှ ဆေးသူနာ ပြုများက ထိုးနှံပေးပြီးမီးသတ် တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအဖွဲ့များနှင့် အမျိုးသမီးရေးရာအဖွဲ့ ဝင်များကပူးပေါင်း၍ ကျန်းမာရေးလမ်းညွှန်ချက်များနှင်အညီ ကူညီဆောင်ရွက်ပေး လျက်ရှိ ကြောင်း သိရသည်။

         

ထိုသို့ ကာကွယ်ဆေးထိုးနှံပေးခြင်းကို တနင်္သာရီတိုင်းဒေသကြီး ကုသရေးဦးစီးဌာနမှူး ဒေါက်တာအေးသိန်း၊ သူနာပြု လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်နန်းသဇင်ထွေးနှင့် မြိတ်ခရိုင် ကျန်းမာရေးမှူးဦးစိုးလွင်၊ တပ်မတော်အရာရှိ များ၊မြို့အုပ်ချုပ်ရေးမှူးဦးသိမ်းမင်းထိုက်၊ဒုတိယပညာရေးမှူးဦးခင်အေး၊ တိုက်နယ်ဆရာဝန်ကြီးဒေါက်တာဖြိုးမင်းသိမ်းနှင့် ဌာနဆိုင်ရာများတို့က ကြည့်ရှုအားပေးကာ လိုအပ်ချက်များမှာကြားပြီး ပေါင်းစပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ ပြည်ကြီး မဏ္ဍိုင် မြို့နယ်မြေအတွင်းတွင်ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးမည့်အထက်တန်း၊ အလယ်တန်း ကျောင်းသား၊ကျောင်းသူပေါင်း(၈၈၃)ဦးရှိကြောင်း ဒုတိယ မြို့နယ် ပညာရေးမှူး(ဘုတ်ပြင်း)ထံမှသိရသည်။ 

 မျိုးလွင်