ကျိုက်လတ်မြို့နယ်၌ အသက်(၁၂)နှစ်နှင့် အထက်ကျောင်းသား ကျောင်းသူများအား ပထမကြိမ်ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Sinovac)အားဒုတိယ‌နေ့အဖြစ် ဆက်လက် ထိုးနှံပေး

ကျိုက်လတ် အောက်တိုဘာ ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် ပညာသင်ကြားလျက်ရှိသည့် အသက် (၁၂)နှစ်နှင့်အထက်ကျောင်းသား၊ ကျောင်းသူများအား ပထမအကြိမ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ဒုတိယနေ့ အဖြစ် အထက(၁) ကျောင်းနှင့် ရုံဒေါင့်-အထကကျောင်းစု ရပ်များတွင် ယနေ့နံနက် ၉နာရီမှစတင်၍ ထိုးနှံပေးလျက် ရှိကြောင်းသိရသည်။

ထိုသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးရာတွင် ကျိုက်လတ်မြို့နယ် အမှတ်(၁) အထက်တန်းကျောင်းမှ ပညာသင်ကြား လျက်ရှိသည့် အသက်(၁၂)နှစ်နှင့် အထက် ကျောင်းသား/ သူ(၂၅၀)ဦး နှင့်ရုံးဒေါင့်အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား /သူ(၁၀၀)ဦး၊ ပေါင်း(၃၅၀)ဦးတို့အား ဒုတိယနေ့အဖြစ် ဆက်လက် ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ကျိုက်လတ်မြို့နယ်တွင်အသက်၁ဝနှစ်အထက်ကိုဗစ်ကာကွယ်ဆေးထိုးရန်ရပ်ကွက်ကျေးရွာအုပ်စု(၉၃)အုပ်စုစုရပ်(၄၁)နေရာထားရှိပြီးအခြေခံပညာကျောင်း(၈၇)ကျောင်း၊ဘကကျောင်း(၃)ကျောင်း တို့ရှိကျောင်းသားကျောင်းသူပေါင်း(၉၆၁၆)ဦးအားကိုဗစ်-၁၉ကာကွယ်ဆေးများထိုးနှံ ပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းအား မြို့နယ်ပညာရေးမှူး ဆရာမကြီး၏ ကြီးကြပ်မှု၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ပညာရေးဦးစီးဌာန၊ ရဲတပ်ဖွဲ့၊ ဌာနဆိုင်ရာများ၊ လူမှုဝန်ထမ်း၊ စေတနာ့ဝန်ထမ်းများ ပူးပေါင်း၍ကြီးကြပ်‌ ဆောင်ရွက် ပေးလျက် ရှိကြောင်းသိရှိရသည်။

ဌေးဌေးလှိုင်