သတင်းများ

ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်းရှိ အသက် ၁၂ အထက် အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများ အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinovac ပထမအကြိမ် (ဒုတိယနေ့) ဆက်လက်ထိုးနှံပေး
Oct 18,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ “ကျောင်းနေအရွယ် ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးကြပါစို့” ဆောင်ပုဒ်နှင့်အညီ မြို့နယ်အတွင်းရှိ အသက် ၁၂ နှစ်အထက် အခြေခံပညာအလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား ယနေ့ နံနနက် ၁၀ နာရီမှ စ၍ ဆိပ်ကြီးအရှေ့ ရပ်ကွက်ရှိ (ထ-ခွဲ အလက)ကျောင်းတွင် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကိုဗစ် -၁၉ ရောဂါ ကာကွယ်ဆေး Sinovac ပထမအကြိမ် (ဒုတိယနေ့) ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
မြဝတီမြို့၌ ရောဂါကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရေးအတွက် မြန်မာနှင့်စကောကရင်နှစ်ဘာသာဖြင့် အသိပညာပေးနှိုးဆော်
Oct 18,2021
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် မြန်မာ ဘာသာ၊စကောကရင်ဘာသာတို့ဖြင့် ယနေ့နံနက်(၈)နာရီအချိန်က မြို့ပေါ်ရပ်ကွက်များ နှင့်လမ်းဆုံလမ်းခွများတွင် အသိပညာပေးနှိုးဆော်ဆောင်ရွက်ခဲ့သည်။
လိပ်သိုမြို့တွင် အသက် (၁၂) နှစ်အထက် ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံနိုင်ရေး အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ
Oct 18,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့တွင် မြို့ကိုဗစ်-၁၉ ရောဂါ ကော်မတီနှင့် ဌာနဆိုင်ရာ တာ၀န်ရှိ သူများ ပူးပေါင်းအဖွဲ့သည် ယနေ့နံနက် (၉) နာရီအချိန်က “ ကျောင်းနေ အရွယ်ကလေးတိုင်း ကျန်းမာ ပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးကြပါစို့ ” အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းကို လိပ်သို အ.ထ.က ကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။
ကော့သောင်းမြို့နယ်အတွင်းရှိ အခြေခံပညာအလယ်တန်း/အထက်တန်း ကျောင်းသား/ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် စပ်လျဉ်း၍ တွေ့ဆုံမေးမြန်း
Oct 18,2021
မေး။ ။ ဆရာမကြီးရှင့်၊ အခု ကော့သောင်းမြို့ မှာ ၊အခြေခံပညာ ကျောင်းတွေက ကျောင်းသား/ ကျောင်းသူတွေကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စထိုးပေးတဲ့ကျောင်းအရေအတွက်၊ ကျောင်းသား/ကျောင်းသူ အရေအတွက်ကို သိပါရစေရှင့်။
ကျောက်ဆည်မြို့တွင် ကိုဗစ်-၁၉ရောဂါသက်သာပျောက်ကင်း၍ ဆေးရုံမှဆင်းခွင့်ရရှိသူ(၅၇၇)ဦးရှိပြီး ဆေးဝါးကုသမှုခံယူနေသူ(၃)ဦးရှိ
Oct 18,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးတွင် ယနေ့နံနက် (၁၀)နာရီအချိန်က ကိုဗစ်-၁၉ရောဂါ သက်သာပျောက်ကင်းပြီး ကျန်းမာရေးကောင်းမွန်၍ ဆေးရုံမှ ပြန်လည်ဆင်းခွင့်ရရှိသူ(၅၇၇)ဦးရှိ၍ ဆေးဝါးကုသမှုခံယူနေသူ(၃)ဦးရှိကြောင်း ကျောက်ဆည်မြို့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးမှ သိရသည်။
သံတောင်ကြီးမြို့ ပြည်သူ့စာကြည့်တိုက်တွင် စာဖတ်ဝိုင်းကျင်းပ
Oct 18,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် ယနေ့နံနက် ၉ နာရီခွဲအချိန်က သံတောင်ကြီးအမျိုးသမီးများမှ ကျားမ ရေးရာတန်းတူညီမျှရေးကွန်ယက်စာအုပ် ဖြင့်စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
သံတောင်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် မြန်မာဘာသာနှင့် စကောကရင်ဘာသာဖြင့်အသိပညာပေးလုပ်ငန်းများလိုက်လံနှိုးဆော်
Oct 18,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန် နှင့် ကူးစက်ပျံ့နှံ့မှုမရှိစေရန်အတွက် ကိုဗစ်-၁၉ ဆိုင်ရာအသိပညာပေးနိုးဆော်မှုများအား ယနေ့ နံနက်ပိုင်းအချိန်တွင် မြို့ပေါ်ရပ်ကွက်များ၌ မြန်မာဘာသာနှင့် စကောကရင်ဘာသာဖြင့် အသိပညာ ပေးနှိုးဆော်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကမမောင်းမြို့အတွင်းရှိ အသက်(၁၂)နှစ်နှင့်အထက်ကျောင်းသား၊ ကျောင်းသူများ အား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး(Sinovac)ကို ပထမအကြိမ်ထိုးနှံကြစေရေး အသိပေးနှိုးဆော်
Oct 18,2021
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက်(၁၂)နှစ်နှင့်အထက် ကျောင်သားကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(Sinovac) ပထမအကြိမ် ထိုးနှံနိုင်ကြစေရေးအတွက် မြို့ပေါ်ရပ်ကွက် များအတွင်း အသံချဲ့စက်ဖြင့် လှည့်လည်အသိပေးနှိုးဆော်ခြင်းကို ယနေ့နံနက် ၈ နာရီ အချိန်ကဆောင်ရွက်ပေးခဲ့ကြကြောင်းသိရသည်။