မြင်းခြံမြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူအားလုံးကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ တတိယအသုတ် ပထမ အကြိမ် ဆက်လက်ထိုးနှံပေး

မြင်းခြံ အောက်တိုဘာ ၁၈

 

 

မန္တလေးတိုင်းဒေသကြီး  မြင်းခြံခရိုင်  မြင်းခြံမြို့နယ်တွင် တတိယအသုတ် ပထမအကြိမ်အဖြစ် အသက်(၁၈)နှစ်နှင့် အထက် ပြည်သူ အားလုံးကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ယမန်နေ့ တွင် ဆက်လက်ထိုးနှံပေးလျက်ကြောင်းသိရှိရသည်။

 

  

အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအနေဖြင့် မိမိတို့၏ မှတ်ပုံတင်ကတ်ပြား  (သို့မဟုတ်) အိမ်ထောင်စုစာရင်းဇယား ယူဆောင်၍ မြင်းခြံမြို့ အမှတ်(၂)ရပ်ကွက်ရှိ ရွှေပြည်စိုးသာသနာ့ဗိမာန်တွင် နေ့စဉ် နံနက်(၉)နာရီမှ နေ့လည်(၁၂)နာရီအထိ ဆေးထိုးနှံနိုင်ကြကြောင်းသိရှိရသည်။

 

   

အဆိုပါ တတိယအသုတ် ပထမအကြိမ်အဖြစ် ယမန်နေ့ တွင် အသက်(၁၈) နှစ်အထက်ပြည်သူ(၁၁၈၅)ဦးကို  Covide-19 ရောဂါကာကွယ်ဆေးထိုး ပေးနိုင်ခဲ့ကြောင်း၊ စုစုပေါင်း(၄၉၀၀)ဦးထိုးနှံပေးပြီးဖြစ်ကြောင်းနှင့် ကျန်ရှိပြည်သူများ ကို လည်း ကျန်းမာရေး ဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ပရဟိတလူမှုအဖွဲ့အစည်းများအကူအညီဖြင့် ဆက်လက်ထိုးနှံပေး သွားမည်ဖြစ်ကြောင်း သိရှိရသည်။

 

ခရိုင်(ပြန်/ဆက်)