ဗန်းမောက်မြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ သီတင်းကျွတ်ကာလကန်တော့ရန် ကန်တော့ပစ္စည်းများ လာရောက်ဝယ်ယူသူများပြား

 

ဗန်းမောက် အောက်တိုဘာ ၁၈

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်အတွင်းရှိ ကျေးရွာများမှ မိဘပြည်သူများအနေဖြင့် သီတင်းကျွတ်ကာလ ဘုန်းတော်ကြီးကျောင်းများ၊ ဆရာမိဘ၊ ဘိုးဘွားများအား ကန်တော့ရန်ကန်တော့ ခံပစ္စည်းများနှင့် အသုံးအဆောင်ပစ္စည်းများအား မြို့ပေါ်သို့လာရောက်၍ ဝယ်ယူကြသူများသည်များပြားလျက်ရှိ ကြောင်းသိရသည်။

 

" ကျွန်မတို့ ဗန်းမောက်မြိုနယ်က ကဒူး၊ ကနန်း၊ ရှမ်းနီ တိုင်းရင်သားတွေအများစု နေထိုင်ကြတဲ့ မြို့လည်းဖြစ်၊ တိုင်းရင်းသားတွေက ရိုးရိုးသားသားအေးအေးဆေးဆေး နေထိုင်ကြပြီး ဘာသာတရားကိုလည်း ကိုင်းရှိုင်းကြပါတယ်။ သီတင်းကျွတ်မရောက်ခင် သုံးလေးရက်အလို ကိုယ့်ဒေသမှာရှိတဲ့ ဘုန်းတော်ကြီးကျောင်းတွေကို ဆရာကန်တော့(ဒေသအခေါ်)ကျောင်းတက် သွားကြတယ်။ လူကြီးမိဘဆရာသမား ဘိုးဘွားတွေကို ကန်တော့ကြတယ်။ ကန်တော့ဖို့အတွက် ဒီလိုကာလတွေမှာ မြို့တက်ပြီးစျေးဝယ်ကြတာဖြစ်ပါတယ်။ ခါတိုင်းနှစ်တွေမှာတော့ ကသာ ခရိုင်ကို တက်ဝယ်ကြတာများပါတယ်။ ဒီနှစ်မှာတော့ သွားရေးလာရေးအခက်အခဲရှိကြောင့် ကိုယ့်မြို့မှာ တင်ဝယ်ကြတော့ ခုလိုစည်ကားများပြာနေတာဖြစ်ပါတယ်။ အများဆုံးရောင်းရတဲ့ ပစ္စည်း တွေကတော့ ဖယောင်းတိုင်၊ အမွှေးတိုင်း၊ စားသောက်ကုန်နဲ့ အဝတ်အထည်တွေ အများဆုံးရောင်းရတယ်" လို့  ဗန်းမောက်မြို့မှ စျေးသည်တစ်ဦးက ပြောပါသည်။

မေသူဟန် (ဗန်းမောက်)