တောင်သာ အောက်တိုဘာ ၁၈
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်အတွင်းရှိ အသက်(၁၂) နှစ်ပြည့် အလယ်တန်းနှင့် အထက်တန်းကျောင်းသား/ကျောင်းသူများအား ပထမ အကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့ ၊နံနက်(၉) နာရီ အချိန်ကစတင်၍ တောင်သာ အ.ထ.က ကျောင်း နဝရတ်ခန်းမ၌ ထိုးနှံပေး လျက်ရှိကြောင်းသိရသည်။
ထိုသို့ အသက်(၁၂)နှစ်ပြည့်အလယ်တန်းနှင့် အထက်တန်း ကျောင်းသား/ ကျောင်းသူများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေး လျက်ရှိရာ Sinovac (2 Dose) ကာကွယ်ဆေးအလုံး(၆၁၃)လုံး၊ လူဦးရေပေါင်း (၇၅၉၆) ဦးကိုစတင်ထိုးနှံပေးခြင်းအားမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိ သူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဌ ဦးဟန်သူရနှင့်အဖွဲ့ဝင် ဗိုလ်မှူးအောင်ကိုကို၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ ပရဟိတအသင်းများကပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါ တောင်သာ(အထက)ကျောင်းတွင် အသက်(၁၂)နှစ်ပြည့် အလယ်တန်းနှင့် အထက်တန်း ကျောင်းသား/ ကျောင်းသူများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးရန်နှင့်အခြား ကျန်ရှိနေသူများကိုလည်း ကျန်းမာရေး ဝန်ကြီးဌာန၏ သတ်မှတ်ဦးစားပေးအလိုက် နေ့စဉ်ဆက်လက် ထိုးနှံပေးသွား မည်ဖြစ်ကြောင်းသိရသည်။
ကျော်မျိုးနိုင်(တောင်သာ)