သံတွဲမြို့၌ ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး (၂၀၂၁) ခုနှစ် မိုးရာသီ လူထုစုပေါင်း သစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ
Jun 21,2021
သံတွဲမြို့၌ ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး (၂၀၂၁) ခုနှစ် မိုးရာသီ လူထုစုပေါင်း သစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ
သံတွဲ ဇွန် 21
သံတွဲခရိုင် သံတွဲမြို့နယ် သစ်တောဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး (၂၀၂၁) ခုနှစ် မိုးရာသီ လူထုစုပေါင်း သစ်ပင်စိုက်ပျိုးပွဲတော်ကို သံတွဲမြို့နယ် သံတွဲ-တောင်ကုတ်ကားလမ်းဘေးရှိ ပုရစ်နှင့်ရေကောက်ကျေးရွာ၌ ယနေ့နံနက် ၈ နာရီက ကျင်းပပြုလုပ်ရာ စုစုပေါင်းသစ်ပင် (၄၂၂၅) ခန့်ကို စိုက်ပျိုးနိုင်ခဲ့သည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီးဝင်းဗိုလ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်သာစိန်နှင့် သံတွဲခရိုင် သစ်တောဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းသန်းထွန်း တို့က မိုးရာသီ လူထုစုပေါင်း သစ်ပင်စိုက်ပျိုး ပွဲတော်တွင်စိုက်ပျိုးရန်နှင့် လူထုဖြန့် ပျိုးပင်များပေးအပ်ရာ ကျေးရွာတာဝန်ခံများက လက်ခံရယူကြသည်။
ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဒုတိယရဲမှူးကြီးမောင်ရွှေနှင့်၊ အဖွဲ့ဝင်များ၊ ဒုတိယ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမိုးဇော်လင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်သာစိန်နှင့် အဖွဲ့ဝင်များ၊ သံတွဲခရိုင် သစ်တောဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းသန်းထွန်း၊ မြို့နယ်ဦးစီးမှူး ဦးသိန်းဝင်းအောင်နှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများစုစုပေါင်း၍ ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက်၊ မဟော်ဂနီ၊မန်ဂျန်ရှားအစရှိသည့် ပျိုးပင် ၄၂၂၅ပင် တို့ကို စုပေါင်း စိုက်ပျိုးခဲ့ကြ ကြောင်း သိရသည်။
ယခုစိုက်ပျိုးရခြင်းမှာ နိုင်ငံတစ်ဝှမ်း စိမ်းလန်းစိုပြည်ရေး၊ သစ်တောဖုန်းလွှမ်းမှု ကောင်းမွန်လာစေရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး နှင့် ရာသီဥတုမျှတ၍ ဂေဟစနစ်များ ကောင်းမွန်လာစေရေးတို့အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်မှုအရ သံတွဲခရိုင်၊ သံတွဲမြို့နယ် သစ်တောဦးစီးဌာနမှ ကြီးမှူးကျင်းပသည့်ခြင်းဖြစ်ပြီး ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက်၊ မဟော်ဂနီ၊ ရွှေဝါ၊ ခရေနှင့် မိုင်ဂျန်ရှား အစရှိသည့် ပျိုးပင် စုပေါင်းစိုက်ပျိုးကြခြင်းဖြစ်ပြီး၊ ပေတစ်သောင်းခန့်အကွာအဝေးရှိ ရွာတွင်းလမ်းဘေး ဝဲယာတွင် ၁၇၀၀ ပင်၊ ပုရစ်နှင့်ရေကောက်ကျေးရွာ အိမ်းခြံဝင်းများအတွင်း တစစ်အိမ်လျှင် ၅ပင်နှုန်းဖြင်း ၂၃၀၅ ပင်တို့စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်သစ်တောဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသိန်းဝင်းအောင်ထံ မှ သိရသည်။
ခရိုင်ပြန်/ဆက်