Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
နမ္မတူမြို့နယ်၌ ပြည်နယ်ထောက်ပံ့ငွေကျပ် သန်း (၅၀၀၀)မှ လုပ်ငန်းပြောင်း ခွဲဝေချထားပေးသော ခွင့်ပြုငွေကျပ် ၄၁၃ သိန်းကျပ်ဖြင့် ဆောင်ရွက်သည့် သပြေလမ်း ကတ္တရာခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး
Oct 24,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ် စည်ပင်သာယာရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ် ပြည်နယ်ထောက်ပံ့ငွေကျပ် သန်း (၅၀၀၀)မှ လုပ်ငန်းလွှဲပြောင်း ခွဲဝေချထားပေးသော ခွင့်ပြုငွေကျပ် ၄၁၃ သိန်းကျပ်ဖြင့် ဆောင်ရွက်သော ပန်ဟိုက်ရပ်ကွက် (၄)ရှိ သပြေလမ်း ကတ္တရာခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့် ပြီးစီးပြီဖြစ်သည်။
အပြည့်အစုံ ဖတ်ရန်
နမ္မတူမြို့နယ် မြို့မဈေးအတွင်းရှိ ဈေးရောင်းသူ/ဝယ်သူများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ RDT Test Kit ဖြင့် အခမဲ့စစ်ဆေးပေး
Oct 24,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကွင်းဆက်ပြတ်တောက်ပြီး အမြန်ဆုံးကာကွယ်ထိန်းချုပ်နိုင်ရေး ရည်ရွယ်၍ ယမန်နေ့နံနက် (၈)နာရီအချိန်က မြို့မဈေးအတွင်းရှိ ဈေးရောင်းသူ/ ဝယ်သူများအား ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ RDT Test Kit ဖြင့် အခမဲ့စစ်ဆေး ဆောင်ရွက်ပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တောင်ကုတ်မြို့ အခြေခံပညာကျောင်းများ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinovac အား ပထမအကြိမ် ဆက်လက်ထိုးနှံ
Oct 24,2021
ရခိုင်ပြည်နယ် သံတွဲခရိုင် တောင်ကုတ်မြို့အခြေပညာကျောင်းများ၌ ကိုဗစ် -၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါကာ ကွယ်ဆေး Sinovac အား အသက် ၁၂ နှစ်နှင့် အထက် ကျောင်းသားကျောင်သူများအား ယမန်နေ့နံနက် ၈ နာရီခွဲက ကံပိုင်ရပ်ကွက် အထက(၃)ကျောင်းခန်းမ၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုးမိတ်မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်
Oct 24,2021
မိုးမိတ်ခရိုင် မိုးမတ်မြို့နယ်တွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူအင်အားဆိုင်ရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးနေလင်းအေးနှင့် ဝန်ထမ်းများက နိုင်ငံသားတိုင်း ကိုင်ဆောင်လက်မှတ် တစ်မျိုးမျိုး ရရှိစေရေးအတွက် ပန်းခင်းစီမံချက်အရ ဆောင်ရွက်ပေးလျက်ရှိရာ ကိုင်ဆောင်လက်မှတ် မရှိသေးသော ဒေသခံတိုင်းရင်းသားပြည်သူများအား ဥပဒေအရ ကိုင်ဆောင်သင့် သော လက်မှတ်တစ်မျိုးမျိုးရရှိစေရေးအတွက် ယမန်နေ့ နေ့လယ်ပိုင်းက မန်ပတ်ကျေးရွာ ဘုန်းကြီးကျောင်းဇရပ်၌ ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ သည်။
အပြည့်အစုံ ဖတ်ရန်
အင်တောမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပြီးသူများကို ဒုတိယအကြိမ် အဖြစ် ဆက်လက်ထိုးနှံပေး
Oct 24,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ အင်တောမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Phase-2 ပထမအကြိမ် ထိုးနှံပြီးသူများကို ဒုတိယအကြိမ်အဖြစ် ဆက်လက်ထိုးနှံပေးလျက်ရှိရာ ပြည်သူ့ဆေးရုံ၌ ယနေ့နံနက်ပိုင်းက စတင်ထိုးနှံခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရခိုင်ပြည်နယ် မောင်တောမြို့၌ နိုင်ငံဝန်ထမ်းများနှင့် ဦးတည်အုပ်စုတွင် ပါဝင်သူများအား ဒုတိယအသုတ် (ဒုတိယ)အကြိမ်အဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Oct 24,2021
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ နိုင်ငံဝန်ထမ်းများနှင့် ဦးတည်အုပ်စု တွင်ပါဝင်သည့် သူများအား ဒုတိယအ သုတ် (ဒုတိယ)အကြိမ် အဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေး ယမန်နေ့တွင်လည်း သတ်မှတ်နေရာများတွင် ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းယန်းမြို့တွင် ကိုဗစ်အတည်ပြုလူနာများ ပြန်လည်ကျန်းမာလာ၍ နေအိမ်သို့ ပြန်လည်စေလွှတ်သူ(၁၀၉)ဦးထိရှိလာ
Oct 24,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ် ပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူနေသော ကိုဗစ်-၁၉ အတည်ပြုလူနာ ၅ ဦးသည် ကျန်းမာရေးပြန်လည်ကောင်းမွန်လာပြီဖြစ်၍ ယမန်နေ့က ဆေးရုံမှဆင်းခွင့်ရရှိခဲ့ကြောင်း မြို့နယ်ကုသရေးဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဟားခါးမြို့၌ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာသစ် ထပ်မံတွေ့မှု မရှိ၊ ၁၄ ဦး ပြန်လည်ကျန်းမာလာ
Oct 24,2021
ဟားခါးမြို့၌ ယမန်နေ့က ကိုဗစ်-၁၉ ရောဂါပိုး တွေ့လူနာသစ် ထပ်မံတွေ့ရှိမှုမရှိဘဲ ကိုဗစ်-၁၉ ရောဂါဖြင့် ဆေးကုသမှုခံယူနေသည့် လူနာများအနက် ၁၄ ဦး ပြန်လည်ကျန်းမာလာသဖြင့် ဆေးရုံ ဆင်းခွင့်ပြုလိုက်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25432
Page
25433
Page
25434
Page
25435
Current page
25436
Page
25437
Page
25438
Page
25439
Page
25440
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department