သတင်းများ

မော်လမြိုင်ကျွန်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲ ကျင်းပ
Jun 22,2021
လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန မော်ဧရာခန်းမ၌ ကျင်းပသည်။
တီးတိန်၌ ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ ဆက်လက်စစ်ဆေး
Jun 22,2021
ချင်းပြည်နယ် တီးတိန်မြို့၌ သက်ဆိုင်ရာဌာနများ၊ မြို့မိမြို့ဖများ၊ လူငယ်များ၊ လူမှုရေးအသင်းအဖွဲ့များ ဦးဆောင်မှုဖြင့် မြို့ပေါ်ရှိလူနာများအား COVID-19 ရောဂါပိုး ရှိ/မရှိ စစ်ဆေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက မြို့မ Cope Centennial Jubilee Hall (C CJ HALL)၌ ပြုလုပ်ကြောင်း သိရသည်။
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းဌာနဆိုင်ရာများနှင့်တွေ့ဆုံပြီး အခြေခံပညာ ကျောင်းများ ကြည့်ရှု
Jun 22,2021
နေပြည်တော် တပ်ကုန်းမြို့နယ်တွင် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း ဌာနဆိုင်ရာ များနှင့်တွေ့ဆုံခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေး ညွှန်ကြားချက်များနှင့် အညီ ကျင်းပသည်။
ညောင်တုန်းမြို့တွင်တွင် နိကာယ်(ဝိဒူတန်း)စာမေးပွဲကျင်းပ
Jun 22,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့တွင် ၂၀၂၁ ခုနှစ် နိကာယ်(ဝိဒူတန်း) စာမေးပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ပုပ္ပားကျောင်းတိုက်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ် ဆောင်ရွက်ပေးခဲ့သည့် ကျေးလက်ကုန်ထုတ်လမ်းနှင့် တံတားများ တည်ဆောက်ပြီးစီးမှုအခြေအနေအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး
Jun 22,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝများဖွံ့ဖြိုး တိုးတက်စေရန် ရည်ရွယ်ချက်ဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်ပေးခဲ့သည့် ကျေးလက်ကုန်ထုတ်လမ်းနှင့်တံတားများ တည်ဆောက်ပြီးစီးမှုအခြေအနေများကို ယမန်နေ့ မွန်းလွဲ(၂)နာရီက မန္တလေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးစိုးသန်းနှင့်မြို့နယ် တာဝန် ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အိမ်မဲမြို့နယ်တွင် လေဘေးသင့်ပြည်သူများအတွက် ခရိုင်ဘေးအန္တရာယ်စီမံခန့်ခွဲမှု ဦးစီးဌာနနှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းတို့မှ ထောက်ပံ့ပစ္စည်းများပေးအပ်
Jun 22,2021
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့နယ် ညောင်ကုန်းချောင်းဖျားကျေးရွာအုပ်စုတွင် ဇွန်လ ၂၀ ရက်နေ့က မိုးသည်းထန်စွာရွာသွန်းပြီးလေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် (၂၄)လုံး ပျက်စီးဆုံးရှုံးခဲ့ရာ မိသားစုဝင်များအားထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီခွဲက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန်ခန်းမ၌ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မြစ်ကြီးနားမြို့၌ တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်လှစ်
Jun 22,2021
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ပြည်နယ်အသေးစားနှင့်စက်မှုလက်မှုဦးစီးဌာနရုံး၌ တန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းအား ယမန်နေ့နံနက် ၉ နာရီက ဖွင့်လှစ်ခဲ့သည်။
မုဒုံမြို့နယ်၌ အမျိုးသမီးကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပ
Jun 21,2021
မွန်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်ချက်အရ မုဒုံမြို့နယ်၌ အမျိုးသမီးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ ညနေ၂နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနအစည်း အဝေးခန်းမ၌ပြုလုပ်ခဲ့ရာမြို့နယ်အမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ် ရေးမှူး ဦးတင့်ဇော်၊ ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနဦးစီးအရာရှိ ဒေါ်ဝင်းဝင်းမာ၊ မြို့နယ် ရဲတပ်ဖွဲ့မှူးရဲမှူးဝင်းဇော်၊ မြို့နယ် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မြို့နယ်အမျိုးသမီးရေးရာ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များတက်ရောက်သည်။