ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) အား တတိယအသုတ် ပထမအကြိမ် (၁၁၅၃၀) ဦး ထိုးနှံပြီးစီး
Oct 24,2021
မကွေးတိုင်းဒေသကြီး သရက်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို နေ့စဉ် စဉ်ဆက် မပြတ် ထိုးနှံပေးလျက်ရှိရာ တတိယအသုတ် (ပထမအကြိမ်) ကို ရွှေသက်လွတ် ဘုရားဝန်း အတွင်းရှိ သာသနာ့ ဗိမာန်တော်၊ တေဇခန်းမနှင့် ကျေးရွာအုပ်စုများတွင် စုရပ်နေရာ (၆) ခုခွဲ၍ ယနေ့ နံနက် ၉ နာရီက စည်းကမ်းချက်များနှင့်အညီ ကျန်းမာရေးဝန်ထမ်းများနှင့် ကြက်ခြေနီ တပ်ဖွဲ့ဝင်များက ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။