ဝိုင်းမော်မြို့နယ်တွင် ၂၀၂၁ခုနှစ်၊ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ
Jun 21,2021
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ မြို့နယ်သစ်တောဦးစီးဌာနနှင့် ပူးပေါင်းကာ ၂၀၂၁ခုနှစ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၈နာရီက ဝိုင်းမော်မြို့ ရပ်ကွက်(၂)ရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်း မြေနေရာတွင် ကျင်းပပြုလုပ် ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဇော်မင်းဦနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်သီတာမွန်နှင့် အဖွဲ့ဝင်များ၊ ဝိုင်းမော်မြို့ပေါ်ရှိ လူမှုရေးအသင်းအဖွဲ့များ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။