သတင်းများ

မကွေးတိုင်းဒေသကြီး Coronavirus Disease 2019 (COVID-19)ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီနေ့စဉ်လုပ်ငန်းညှိနှိုင်းအမှတ်စဉ်(၃၇/၂၀၂၁) အစည်းအဝေးကျင်းပ
Oct 18,2021
မကွေးတိုင်းဒေသကြီး Coronavirus Disease 2019 (COVID-19)ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီနေ့စဉ်လုပ်ငန်းညှိနှိုင်းအမှတ်စဉ်(၃၇/၂၀၂၁) အစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီက မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ ရာ မကွေတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင့်လွင် တက်ရောက်အမှာစကားပြောကြား ခဲ့ကြောင်း သိရသည်။
ရမ်းဗြဲမြို့နယ်၌ အောက်ဆီဂျင်ထုတ်စက်နှင့်ဆက်စပ်ပစ္စည်းများရောက်ရှိ
Oct 18,2021
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၌ အရပ်ဖက်ပရဟိတအဖွဲ့အစည်းများမှဦးဆောင်ပြီး အောက်ဆီဂျင်ထုတ်စက်ရုံတည် ဆောက်နိုင်ရေးအတွက် ၂၀၂၁- ခုနှစ်၊ ဇူလိုင်လမှစတင်ဆောင်ရွက်ခဲ့ကြရာ ယနေ့ နံနက်ပိုင်းက အောက်ဆီဂျင်ထုတ်စက်နှင့် ဆက်စပ်ပစ္စည်းများ ရောက်ရှိလာပြီးဖြစ်ကြောင်းသိရသည်။
ပွင့်ဖြူမြို့နယ်တွင် မိုးသက်လေပြင်းတိုက်ခတ်မှု ထပ်မံဖြစ်ပွား၍ လူနေအိမ် ၆၀ ကျော် ထိခိုက်ပျက်စီး
Oct 18,2021
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်တွင် ယမန်နေ့က မိုးသက်လေပြင်းတိုက်ခတ်ခြင်းနှင့် မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် လူနေအိမ်(၆၀)ကျော် ထိခိုက်ပျက်စီးခဲ့ကြောင်း ပွင့်ဖြူမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။
ကျောက်ဖြူမြို့နယ်အတွင်းရှိ အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိ
Oct 18,2021
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်းရှိ အခြေခံပညာအလယ်တန်းနှင့် အထက်တန်းကျောင်း များမှ အသက်(၁၂)နှစ်နှင့်အထက်ရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါကာကွယ် ဆေးထိုးနှံခြင်းကို ယနေ့ နံနက် ၉ နာရီက အမှတ်(၁)၊ အခြေခံပညာအထက်တန်းကျောင်းရှိ နဝရတ် ခန်းမဆောင်တွင် ကျန်းမာရေးဌာနမှဝန်ထမ်းများက ဒုတိယမြောက်နေ့အဖြစ် ဆက်လက်ထိုးနှံပေး လျက်ရှိသည်။
နတ်မောက်မြို့နယ်တွင် နတ်မောက်ရေလှောင်တမံ ရေပိုလွှဲမှ ၁.၇ ပေ ဆက်လက်ရေကျော်ကျလျက်ရှိ
Oct 18,2021
မကွေးတိုင်ဒေသကြီး နတ်မောက်မြို့နယ်တွင် အောက်တိုဘာလအတွင်း မိုးဆက်တိုက်ရွာသွန်းမှုကြောင့် နတ်မောက်ရေလှောင်တမံတွင် မိုးရေဝင်ရောက်မှုတိုးလာသဖြင့် ယနေ့နံနက် (၆)နာရီအချိန် တိုင်းထွာချက်အရ ရေပိုလွဲမှ ၁.၇ ပေ ဆက်လက်ရေကျော်ကျလျက်ရှိကြောင်း အဆိုပါနတ်မောက်ရေလှောင်တမံမှ တာဝန်ခံထံက သိရသည်။
ပုဏ္ဏားကျွန်းမြို့နယ်၌ အသက်(၁၂)နှစ်အထက် ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ်ဆက်လက်ထိုးနှံပေး
Oct 18,2021
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ပညာသင် ယူလျက်ရှိသော အသက်(၁၂)နှစ်အထက် ကျောင်းသား/သူများအား “ကာကွယ်ဆေးဖြင့် လွမ်းခြုံအပ်သော အနာဂတ်ပန်းခင်းများဆီသို့” ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာ ပျော်ရွှင်စွာ ပညာသင်ယူနိုင်ခွင့်ရရှိစေရန် ရည်ရွယ်ပြီး၊ (Sinovac)အမျိုးအစား ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ် ဆက်လက်ထိုးနှံခြင်းကို ယနေ့၊ နံနက်(၉)နာရီက ပုဏ္ဏားကျွန်း မြို့ အခြေခံပညာ အထက်တန်းကျောင်းခန်းမနှင့်သတ်မှတ်စုရပ် နေရာများတွင် ဆက်လက်
ရသေ့တောင်မြို့နယ်၌ အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေး(Sinovac) ပထမအကြိမ် စတင်ထိုးနှံ
Oct 18,2021
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်၌ အခြေခံပညာကျောင်းများတွင် ပညာသင်ကြားလျက်ရှိသည့် အသက် (၁၂)နှစ် အထက်ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinovac) ပထမအကြိမ်ထိုးနှံပေးခြင်းကို သတ်မှတ်စုရပ်အသီးသီး၌ ​အောက်တိုဘာ ၁၇ ရက်နေ့ မှစ၍ နံနက် ၉ နာရီမှ ညနေ ၄ နာရီထိ စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်အတွင်း ကျောင်းသားကျောင်းသူများ ကာကွယ်ဆေးထိုးနှံပေးနေမှုအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများအဖွဲ့ ကွင်းဆင်းကြည့်ရှု
Oct 18,2021
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ အခြေခံပညာအလယ်တန်းနှင့် အထက်တန်းကျောင်းများမှ အသက် (၁၂)နှစ် အထက် ကျောင်းသားကျောင်းသူများအား ကိုဗစ် - ၁၉ ရောဂါကင်းဝေးစေရေးအတွက် ဆေးထိုးစုရပ်(၇) နေရာခွဲပြီး ကာကွယ်ဆေးများ ထိုးနှံဆောင်ရွက်ပေးလျက်ရှိရာ အောက်တိုဘာ ၁၈ ရက် ၊ ယနေ့ နံနက်ပိုင်းက မင်းဘူးခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း နှင့် တာဝန်ရှိသူများအဖွဲ့က လာရောက်ကွင်းဆင်း ကြည့်ရှုစစ် ဆေးပြီး လိုအပ် သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။