မွန်ပြည်နယ်တွင် အသက် (၁၂) နှစ်နှင့် အထက်ကျောင်းသား၊ ကျောင်းသူ(၇)သောင်းကျော် ကိုဗစ်- ၁၉ ကာကွယ်ဆေးထိုးနှံပေးမည်
Oct 18,2021
မွန်ပြည်နယ်တွင် ကိုဗစ်- ၁၉ ကာကွယ်ဆေးများကို ဦးတည်အုပ်စု၊ ဦးစားပေးအုပ်စုအလိုက် မြို့နယ်များတွင် ထိုးနှံပေးခဲ့ပြီးဖြစ်သကဲ့သို့ “ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးကြပါစို့” ဆောင်ပုဒ်နှင့်အညီ အသက် (၁၂)နှစ်နှင့်အထက် အခြေခံပညာအထက်တန်းနှင့် အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ များကိုယနေ့နံနက်၉နာရီက ကိုဗစ်- ၁၉ ကာကွယ်ဆေး(Sinovac)ထိုးနှံပေးလျက်ရှိရာ မွန်ပြည်နယ် ဝန်ကြီးချုပ်ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများနှင့် ဌာနဆိုင်ရာအလိုက် တာဝန်ရှိသူများသည် မော်လမြိုင်မြို့၊ အမှတ်(၉)အခြေခံပညာ အထက်တန်းကျောင်းသို့ သွားရောက်ကြည့်ရှု အားပေး သည်။