သတင်းများ

လွိုင်ကော်မြို့၌ ၂၀၂၁ ခုနှစ် (၂၈) ကြိမ်မြောက် အစိုးရနိကာယ်စာမေးပွဲကျင်းပ
Jun 21,2021
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီး ဌာနမှ ဦးဆောင်ကျင်းပသည့် ၂၀၂၁ ခုနှစ် (၂၈) ကြိမ်မြောက် အစိုးရနိ ကာယ်စာမေးပွဲကို ဇွန်လ ၂၁ ရက်နေ့မှ ၂၅ ရက်နေ့အထိ တစ်နိုင်ငံလုံး၌ ကျင်းပမည်ဖြစ်ရာ ကယားပြည်နယ်၊ လွိုင်ကော်မြို့ သာသနာ့ဗိမာန်တော်ကြီးတွင် ယနေ့ မွန်းလွဲ ၁ နာရီအချိန်က အစိုးရနိကာယ်စာမေးပွဲကို ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။
ကလေးသူငယ် အခွင့်အရေးဆိုင်ရာကော်မတီအစည်းအဝေး ကျင်းပ
Jun 21,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက် ၁၀ နာရီအချိန်က ကလေးသူငယ်အခွင့်ရေးဆိုင်ရာ ကော်မတီ အစည်းအဝေးကိုကျင်းပခဲ့သည်။
အင်းစိန်မြို့နယ်၌ ဆိုင်ကယ်မတော်တဆ တိမ်းမှောက်ရာ ဒဏ်ရာရရှိသူကို ကြက်ခြေနီအသင်း (အင်းစိန်)မှ ရှေးဦးပြုစုနည်းဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးပြီး ဆေးရုံသို့ပို့ဆောင်
Jun 21,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ဆိုင်ကယ်မတော်တဆ တိမ်းမှောက်ရာ ဒဏ်ရာရရှိသူကို ကြက်ခြေနီအသင်း (အင်းစိန်)မှ ယမန်နေ့ ည(၈)နာရီအချိန်က ရှေးဦးပြုစုနည်းဖြင့် ကျန်းမာရေး စောင့်ရှောက်မှု ပေးခဲ့ပြီး ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
မူဆယ်ခရိုင် ရဲတပ်ဖွဲ့ဝင်များ၏ သား/သမီးများအတွက် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ပညာသင်စရိတ် ထောက်ပံ့ငွေနှင့် သင်ထောက်ကူပစ္စည်းများ ပေးအပ်
Jun 21,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့တွင် မူဆယ်ခရိုင်ရဲတပ်ဖွဲ့ဝင်များ၏ သားသမီးများအား ပညာသင်စရိတ်ထောက်ပံ့ငွေနှင့် သင်ထောက်ကူပစ္စည်းများပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က အောင်ဆန်းသူရိယအေးချိုရိပ်သာ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။                                             
အပြည်ပြည်ဆိုင်ရာ မူးယစ်​ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်​ ရောင်းဝယ်မှု တိုက်ဖျက်​ရေး​နေ့ အထိမ်းအမှတ် Online မှ ဉာဏ်စမ်းပ​ဟေဠိပြိုင်ပွဲ ​ဆောင်ရွက်
Jun 21,2021
ဇွန်လ(၂၆)ရက်​နေ့တွင် ကျ​ရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်​ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်​ ရောင်းဝယ်မှုတိုက်ဖျက်​ရေး​နေ့ အထိမ်းအမှတ် Online မှ ဉာဏ်စမ်းပ​ဟေဠိပြိုင်ပွဲကို ဇွန်လ ၂၀ ရက်​နေ့က အလုံမြို့နယ် ပြည်သူ့စာကြည့်တိုက် Facebook Page Online မှတဆင့် ကျင်းပပြုလုပ်ခဲ့​ကြောင်း သိရသည်။
မင်္ဂလာဒုံမြို့နယ်တွင် ကြက်​ခြေနီ​ရှေးဦးသူနာပြုသင်တန်းဖွင့်
Jun 21,2021
ရန်ကုန်​မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်တွင် ကြက်​ခြေနီ​ရှေးဦးသူနာပြုသင်တန်း ကိုယ​နေ့နံနက် ၉နာရီက​ မင်္ဂလာဒုံမြို့နယ်​ ထောက်ကြန့်ရှိ မြန်မာနိုင်ငံကြက်​ခြေနီအသင်း ခရိုင်ကြက်​ခြေနီကြီးကြပ်​မှု​ကော်မတီ​ မြောက်ပိုင်းခရိုင်ရုံး (သ​ပြေညို)ခန်းမ၌ ကျင်းပရာ သင်တန်းသား(၂၀)ဦး တက်​ရောက်​ကြောင်း သိရသည်။
တောင်ဥက္ကလာပမြို့နယ်တွင် ယာဉ်အန္တရာယ် ကင်းရှင်းရေးစစ်‌ဆေးဆောင်ရွက်
Jun 21,2021
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် တွင်ပြည်သူသူများအား ယာဉ်တိုက်မှု အန္တရာယ်မှ ကင်းရှင်းစေရေး၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်း လိုက်နာ‌စေရေးအတွက် ယနေ့နံနက်ပိုင်းက သစ္စာလမ်း‌‌ ဘေလီတံတားထိပ်တွင် စစ်ဆေးဆောင်ရွက်လျက် ရှိ‌သည်။
ရွှေကျင်မြို့နယ်တွင် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ ကျင်းပ
Jun 21,2021
ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်တွင် ၂၀၂၁ ခုနှစ် မိုးရာသီကာလတွင် သဘာဝဘေးဒဏ်ခံရခြင်းမှ ကြိုတင် ကာကွယ်နိုင်ရန်နှင့် သဘာဝပတ်ဝန်းကျင် သစ်တောသစ်ပင်များ စိမ်းလန်းစိုပြေရေး၊ သစ်တောပြုန်းတီးမှုများ မဖြစ်ပေါ်စေရေးနှင့် ကာကွယ်ထိန်းသိမ်းနိုင်ရန် ရွှေကျင်မြို့နယ် တောင်ဘက် ကျေးရွာတောင်ဘက် သုဿန်ဘုန်းကြီးကျောင်း‌ဘေးတွင် မြို့နယ်သစ်တောဦးစီးဌာနမှ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်ကို ဇွန်၂၁ ရက် နံနက် ၉ နာရီမိနစ် ၃၀ အချိန်က ကျင်းပခဲ့ကြောင်း သိရသည်။