သတင်းများ

မိုင်းနောင်မြို့ တွင်အသက်(၁၂)နှစ်အထက်ကျောင်းသား၊ကျောင်းသူများအားကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေးခြင်း
Oct 18,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင် ၊ မိုင်းနောင်မြို့တွင် အသက်(၁၂)နှစ်အထက် ကျောင်းသား၊ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံခြင်းကို ယနေ့နံနက်(၉) နာရီက အခြေခံပညာ အထက်တန်း ကျောင်း၌စတင်ထိုးနှံပေးလျက်ရှိရာ ညနေ(၄)နာရီအချိန်ထိ ကျောင်းသား/ကျောင်းသူပေါင်း(၁၅၀)ဦးကို ထိုးနှံပေး ပြီးကြောင်းသိရှိရသည်။
ပြင်ဦးလွင်မြို့နယ်၌ အသက် ၁၂ နှစ်နှင့် အထက် အခြေခံပညာ အလယ်တန်း ၊ အထက်တန်း ကျောင်းသား/ကျောင်းသူများအား ကိုဗစ် - ၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Oct 18,2021
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်အတွင်းရှိ အခြေခံပညာအလယ်တန်း ၊ အထက် တန်းကျောင်းတို့ရှိ အသက် ၁၂ နှစ် နှင့် အထက် ကျောင်းသား ၊ ကျောင်းသူများအား ကိုဗစ် - ၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးခြင်းကို ယနေ့ နံနက် ( ၉ ) နာရီ မှ စတင်ပြီး အမှတ် ( ၄) ၊ အခြေခံပညာအထက်တန်းကျောင်း ၊ကံ့ကော်ခန်းမ၌ ဆေးထိုးစုရပ်အဖြစ်သတ်မှတ်ပြီး ကျန်းမာရေး ညွှန်ကြားချက်များနှင့်အညီ ထိုးနှံပေးလျက်ရှိကြောင်းသိရသည် ။
မိုးနဲမြို့နယ်တွင် အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား/သူများအား ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးရေး အသိပညာပေး မြေစိုက်ပိုစတာများစိုက်ထူ
Oct 18,2021
မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ “ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာ သင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးကြပါစို့” ဆိုသည့် ဆောင်ပုဒ်အတိုင်း ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင် ၊မိုးနဲမြို့နယ်အတွင်းရှိ အသက်(၁၂) နှစ်နှင့် အထက် အခြေခံပညာ အလယ်တန်း၊ အထက်တန်း အဆင့် ကျောင်းသား/ သူများအား ပညာသင်ယူခွင့် အခွင့်အလမ်းများ ရရှိလာစေရန်၊ အတူနေမိသားစုနှင့် ပတ်ဝန်းကျင်သို့ ရောဂါ ကူးစက် ပြန့်ပွားမှုကို တားဆီးရန်နှင့် ကျောင်းဖွင့်ချိန်အမီ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လွှမ်းခြုံမှု အလျင်အမြန်ရရှိစေရန် ရည်ရွယ်ပြီး ၂၀၂၁-ခုနှစ် အောက်တိုဘာလ အတွင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ပူးပေါင်းအဖွဲ့များက ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးများကို မြို့နယ်အတွင်းရှိ အသက်(၁၂)နှစ်နှင့်အထက် အခြေခံ ပညာ အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသား/သူများအား ထိုးနှံပေးသွားမည်ဖြစ်‌ ကြောင်းသိရသည်။
နမ့်ခမ်းမြို့၌ ကျေးရွာအုပ်စုများရှိ အသက်(၁၈)နှစ်အထက် ကျေးရွာပြည်သူများ(၁၄၃၀)ဦးအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ကွင်းဆင်းထိုးနှံပေး
Oct 18,2021
မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်အတွင်း ကျေးရွာအုပ်စုများရှိ အသက်(၁၈)နှစ် အထက် ကျေးရွာပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်း (၁၀)နာရီအချိန် ကျေးရွာအုပ်စုများရှိ တိုက်နယ်ဆေးရုံများ၊ ကျေးရွာဓမ္မာရုံများနှင့် စာသင် ကျောင်းများ၌ ကျေးရွာအရောက် ကွင်းဆင်း၍ ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးကြောင်း သိရသည်။
မိုးနဲမြို့နယ်အတွင်း အုပ်စုလိုက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအသုတ် ဒုတိယအကြိမ် ပြန်လည် ထိုးနှံခြင်းဆောင်ရွက်
Oct 18,2021
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို အချိန်နှင့် တပြေးညီ မိုးနဲမြို့နယ်တွင်း ကိုဗစ်-၁၉ ရောဂါ ကင်းစင်ပ‌ပျောက်နိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက်များနှင့် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီ ၏ စည်းကမ်းချက်များနှင့်အညီ ယနေ့မနက် ၉နာရီအချိန်တွင် မြို့နယ်ကမ္ဘောဇခန်းမ၌ ၁၈ နှစ်နှင့်အထက် ပထမအကြိမ်ထိုးနှံပြီး၍ ၂၈ ရက်ပြည့်ပြီးသူများကို ဒုတိယအသုတ် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပြန်လည် ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်တွင် အသက်(၁၂)နှစ်ပြည့်ပြီး (၁၈)နှစ် အတွင်းရှိ အခြေခံပညာအလယ်တန်း၊ အထက်တန်း ကျောင်းသား/ကျောင်းသူများအား ပထမအကြိမ် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေး
Oct 18,2021
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ် အခြေခံပညာ အထက်တန်း ကျောင်းခွဲ (အလက−၁)ကျောင်းရှိ ခန်းမ၌ ယနေ့နံနက်(၁၀)နာရီအချိန်က စတင်ကာ ကာကွယ်ဆေးဖြင့် လွှမ်းခြုံသော အနာဂတ်ပန်းခင်းများဆီသို့ ကျောင်းနေအရွယ် ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင် ကြားနိုင်ဖို့ ကိုဗစ်−၁၉ရောဂါကာကွယ်ဆေး ထိုးကြပါစို့ ဆောင်ပုဒ်နှင့်အညီ အသက်(၁၂)နှစ်ပြည့်ပြီး(၁၈)နှစ် အတွင်းရှိ အခြေခံပညာ အလယ်တန်း၊ အထက်တန်းကျောင်းသား/ ကျောင်းသူများအား ပထမအကြိမ် ကိုဗစ်−၁၉ရောဂါ ကာကွယ်ဆေးများစတင်ထိုးနှံပေးလျက်ရှိသည်။
မိုင်းဆတ်မြို့၌  စာဖတ်ဝိုင်း ကျင်းပ
Oct 18,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ စာအုပ် စာပေချစ်မြတ်နိုးသူများအသင်း (Book Club)နှင့်ပူးပေါင်း၍  ယနေ့နံနက်(၁၀)နာရီက စာရေးဆရာချစ်နိုင် (စိတ်ပညာ)၏ “ဘဝတစ်ခုစီမံမှု” စာအုပ်ဖြင့် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ ကြောင်းသိရသည်။