သတင်းများ

ကျိုက်လတ်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Jun 21,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးနှင့် ကြိုတင် ကာကွယ်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီခန့်က မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ရွှေဝါလတ်ခန်းမ၌ကျင်းပခဲ့သည်။
တာမွေမြို့နယ်တွင် နိကာယ်စာမေးပွဲ ကျင်းပ
Jun 21,2021
မြန်မာနိုင်ငံတွင် ထေရဝါဒ ဗုဒ္ဓသာသနာ ထွန်းကားပြန့်ပွားစေရန် ရည်ရွယ်၍ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန သာသနာရေး ဦးစီးဌာနမှ ကြီးမှူးကျင်းပသော နိကာယ်စာမေးပွဲများကို နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်များတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်လျက်ရှိပြီး ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ် နတ်ချောင်း ရပ်ကွက်ရှိ မဟာသန္တိသုခ ကျောင်းတိုက်တွင်လည်း ယနေ့ မွန်းလွဲ (၁:၀၀)နာရီအချိန်က (၂၀၂၁)ခုနှစ် နိကာယ် စာမေးပွဲကို စတင်ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်အတွင်းရှိ ပရိယတ္တိစာသင်တိုက်များမှ စာဖြေသံဃာတော် (၁၅၈)ပါး ဝင်ရောက်ဖြေဆိုခဲ့ကြကြောင်း သိရသည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ အစိုးရနိကာယ် စာမေးပွဲကျင်းပရာ စာဖြေသံဃာ တော်များနှင့် သီလရှင်များ ဝင်ရောက်ဖြေဆို
Jun 21,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်၌ ထေရဝါဒဗုဒ္ဓသာသနာ ထွန်းကားစေရန်နှင့် သာသနာ့အာဇာနည်များ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ၂၀၂၁ ခုနှစ် အစိုးရနိကာယ်စာမေးပွဲကို ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်၊ အမှတ်(၄၂) ရပ်ကွက်၊ မဟာဂန္ဓာရုံကျောင်းတိုက်၌ ယနေ့နေ့လယ် ၁ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်အတွင်းရှိ ပရိယတ္တိစာသင်တိုက်များမှ စာဖြေသံဃာတော်များနှင့် သီလရှင်များ ဝင်ရောက်ဖြေဆိုခဲ့ကြကြောင်း သိရသည်။
မင်းပြားမြို့နယ် မီးသတ်ဦးစီးဌာနဝန်ထမ်းများ၏ သားသမီးများအား ပညာသင်ထောက်ပံ့ ပစ္စည်း များပေးအပ်
Jun 21,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်မီးသတ်ဦးစီးဌာနရှိ တပ်ဖွဲ့ဝင်မိသားစုများ၏ သား၊ သမီးများအား ကျောင်းသုံးပညာသင်ထောက်ပံ့ပစ္စည်းများနှင့် ထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ် ခြင်းကို ယမန်နေ့ မွန်းလွှဲ ၂ နာရီက အဆိုပါရုံး အစည်းအဝေးခန်းမအတွင်း၌ ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။
မြင်းခြံမြို့တွင် နိကာယ်(ဝိဒူတန်း)စာမေးပွဲကျင်းပ
Jun 21,2021
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့တွင် ၂၀၂၁ ခုနှစ် နိကာယ်(ဝိဒူတန်း) စာမေးပွဲကို ယနေ့ မွန်းတည့် ၁၂ နာရီ အချိန်တွင် ရွှေပြည်စိုး သာသနာ့ဗိမာန်တွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။
ပြည်မြို့၌(၂၀၂၁)ခုနှစ်၊ (၂၈)ကြိမ်မြောက် နိကာယ်စာမေးပွဲ(ဝိဒူတန်း)ကျင်းပ
Jun 21,2021
ပဲခူးတိုင်းဒေသကြီး ပြည်မြို့ ဗိုလ်ချုပ်လမ်းရှိ သာသနာ့ဗိမာန်‌တော်ကြီး၊ ပြည်စာဖြေဌာန၌ ၁၃၈၃ခုနှစ်(၂၀၂၁)ခုနှစ်၊ (၂၈)ကြိမ်မြောက် နိကာယ် စာမေးပွဲ(ဝိဒူတန်း)ကို ယနေ့မွန်းတည့် ၁နာရီက ကျင်းပ ပြုလုပ်သည်။
သထုံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်၌ စာဖတ်ဝိုင်း ဆွေးနွေးပွဲကျင်းပ
Jun 21,2021
မွန်ပြည်နယ်၊ သထုံခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့ မွန်းလွဲပိုင်းက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်စာအုပ်၊ စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) တို့ ပူးပေါင်းကာ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
ရန်ကင်းမြို့နယ်၌ အစိုးရနိကာယ်( ၅) ရပ် စာမေးပွဲကျင်းပ
Jun 21,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်၌ ဗုဒ္ဓသာသနာ ထွန်းကားပြန့်ပွားစေရန် ရည်ရွယ်၍ အစိုးရနိကာယ်(၅) ရပ်စာမေးပွဲကို အမှတ်(၁၄) ရပ်ကွက် မိုးကောင်းဘုရားလမ်းရှိ မဟာသာသနာ့ဗိမာန်တော်၌ ယနေ့မွန်းလွဲ (၁)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။