မြေပုံ အောက်တိုဘာ ၁၈
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့၊တောင်ပေါ်ရပ်ကွက်ရှိ အသက်(၅၅)နှစ်နှင့်အထက် ဘင်္ဂါလီ လူမျိုးများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(ဒုတိယအကြိမ်) ထိုးနှံခြင်းကို တောင်ပေါ်ရပ်ကွက်ရှိ အခြေခံပညာမူလတန်း (လွန်) ကျောင်း၌ ယနေ့နံနက်(၈)နာရီက စတင်ကာ ထိုးနှံပေးလျက်ရှိသည်။
ကာကွယ်ဆေးထိုးနှံခြင်း ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဦး လမ်းညွှန်မှုဖြင့် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသန်းထွန်း ဦးဆောင်ကာ ကျန်းမာရေး ဝန်ထမ်းများ၊ ထွေ/အုပ်ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး တို့ ပူးပေါင်းကာ တောင်ပေါ်ရပ်ကွက်ရှိ အခြေခံပညာမူလတန်း(လွန်)ကျောင်း ဆေးထိုးစုရပ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဦးတည်အုပ်စုများကို ကာကွယ်ဆေးထိုးရန် လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်အတိုင်း ဆောင်ရွက်ပြီး ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Sinovac ကို (ဒုတိယအကြိမ်) ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
တင်ဝင်း