ကရသူရိ အောက်တိုဘာ ၁၈
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့တွင် အသက်(၁၂)နှစ်နှင့်အထက် ကျောင်သား/ ကျောင်းသူများကို ယနေ့ နံနက်ပိုင်းက (Sinovac) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမ အကြိမ် ထိုးနှံပေးလျက်ရှိပြီး ကာကွယ်ဆေးထိုးနှံပြီးသူ ကျောင်းသား/ ကျောင်းသူများ၏ ရင်တွင်း စကားသံများကို ယခုလိုဘဲမေးမြန်းထားပါတယ်။
မေး။ သားရဲနာမည်၊ အသက်နှင့် ဘယ်အတန်းလဲဆိုတာပြောပြပေးပါလား။
ဖြေ။ ဟုတ်ကဲ့။ သားနာမည်က မောင်အာကာမိုးခေါ်ပါတယ်။ အသက်က(၁၇)နှစ်ပါ။ အခြေခံပညာ
အထက်တန်းကျောင်း(ဒသမတန်း)တွင် ပညာသင်ယူနေတာဖြစ်ပါတယ်။
မေး။ သားအနေနဲ့ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် ကာကွယ်ဆေးထိုးဖိုး အရင်တုန်းက
စဉ်းစားခဲ့ဖူးလား။
ဖြေ။ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို အရင်ကတည်းကထိုးချင်နေတာပါ။ ဘာဖြစ်လို့လဲဆိုတော့
ကာကွယ်ဆေးထိုးပြီးသူနှင့် မထိုးနှံထားသူက ရောဂါကူးစက်ခံရမှုပိုများနိုင်ပါတယ်။ ဒါကြောင့်
အရင်တည်းက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ထိုးဖိုးအစီအစဉ်ရှိခဲ့ပါတယ်။
မေး။ ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သတ်ပြီး ချမှတ်ထားတဲ့စည်းကမ်းချက်တွေအတိုင်း လိုက်နာနေထိုင်ပြီး
သားတို့အနေဖြင့် ပညာသင်ကြားနိုင်ပါမလား။
ဖြေ။ ကျွန်တော်တို့ကျောင်းသား/ကျောင်းသူတွေအတွက် ဒီလိုစည်းကမ်းချက်တွေချမှတ်ထားသင့်ပါ
တယ်။ ထို့မှသာ ရောဂါကူးစက်မှုကိုထိန်းချုပ်နိုင်မှာပေါ။ အများတွက်ရော ကြိုတင်ကာကွယ်ဖို့
ဘေးကင်းစေဖို့၊ ကိုဗစ်-၁၉ရောဂါနှင့်ပတ်သက်ပြီးတော့ လိုက်နာဆောင်ရွက်ကြဖို့လိုအပ်ပါတယ်။
ထိုမှသာ ပညာကိုဆက်လက်သင်ယူနိုင်ပြီးမျော်မှန်းချက်ပန်းတိုင်ကိုရောက်အောင်သွားနိုင်မည်လို့
ထင်ပါတယ်။
မေး။ သမီးက ဘယ်အတန်းမှာပညာသင်ယူနေတာလဲ၊ ဆေးထိုးပြီးပြီးဆိုတော့ ဘယ်လိုမျိုးခံစားရသလဲ
ပြောပြပေးပါလား။
ဖြေ။ သမီးက(ဒသမတန်း)မှာ ပညာသင်ကြားနေတာဖြစ်ပါတယ်။ ခုကျောင်းပြန်ဖွင့်နိုင်ရေး ကိုဗစ်-၁၉
ရောဂါကာကွယ်ဆေးထိုးနှံပေးနေတော့ ဆေးလာထိုးတာပါ။ ဆေးထိုးပြီး နာရီဝက်ကြာစောင့်နေ
ရတယ်ဘာမှတော့မဖြစ်ပါဘူး။
မေး။ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကို ထိုးနှံသင့်/မသင့် သမီးအနေနဲပြောပြပါလား။
ဖြေ။ အကောင်းဆုံးကတော့ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကို ပြည်သူတွေရော၊ ကျောင်းသား/
ကျောင်းသူတွေပါ ပြီးစီးအောင်ထိုးထားသင့်ပါတယ်။ ဆေးထိုးတာကိုလည်းကြောက်စရာမလိုပါ
ဘူး။ သမီးလည်းမထိုးခင်းကကြောက်ခဲ့တယ်။ ထိုးပြီးတော့ ကြောက်စိတ်ကမရှိတော့ဘူး။
ကာကွယ်ဆေးထိုးထားတော့ မိသားစုနှင့်မိမိပတ်ဝန်းကျင်၊ မိမိကျောင်းကို ကြိုတင်ကာကွယ်ပြီး
သားဖြစ်ပါတယ်။
မေး။ ခုလိုဖြေကြားပေးတဲ့အတွက် သားနှင့်သမီးကို ကျေးဇူးတင်ပါတယ်။
ဖြေ။ သားတို့ကလည်းဖြေကြားခွင့်ရလို့ ကျေးဇူးတင်ပါတယ်။
အေးအေးသန်း