မြောက်ဦးမြို့၌ အသက်(၁၂)နှစ်အထက် ကျောင်းသား/ကျောင်းသူများ ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပေး
Oct 18,2021
ရခိုင်ပြည်နယ်မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များမှ အခြေခံပညာ အ-ထ-က(၁) ကျောင်းတွင် ပညာသင်ယူနေသော အလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့် ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်ထိုးနှံခြင်းအား ယနေ့ နံနက် ၈ နာရီအချိန်က မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ စီစဉ်ဆောင်ရွက်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများမှကိုဗစ်ကာကွယ်ဆေးများ ပထမအကြိမ်စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။