သံတွဲ အောက်တိုဘာ ၁၈
ကိုဗစ်ရောဂါကာကွယ်ထိန်းချုပ် ကာကွယ်နိုင်ရေးအတွက် သံတွဲမြို့နယ်ရှိ အသက် ၁၂ နှစ် အထက် အလယ်တန်း၊ အထက်တန်းကျောင်းသား/ကျောင်းသူလေးများအား ကျောင်းနေအရွယ် ကလေးများ ကျန်းမာပျော်ရွင်စွာ ပညာသင်ကြားနိုင်ရေးအတွက် ကိုဗစ်ရောဂါ ကာကွယ်ဆေး (Sinovac) ကိုအောက်တိုဘာ ၁၈ ရက်နေ့တွင် သတ်မှတ် ထားသောကျောင်းများ၏ သတ်မှတ်ကျောင်းသား ဦးရေအလိုက် သက်ဆိုင်ရာ စုရပ်ဆေးထိုးစင်တာ(၁၁)ခုတွင် ပထမအကြိမ် (ဒုတိယ)ရက် အဖြစ်စတင် ထိုးနှံပေး လျက်ရှိကြောင်း ကျန်းမာရေးဦးစီးဌာန မှသိရှိ ရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံခြင်းကို အောက်တိုဘာ၁၇ရက်နေ့မှ ၁၈ရက်နေ့ထိ ထိုးပေးသွားမည်ဖြစ်ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးမြင့်နှင့် အဖွဲ့ဝင်များ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်သာစိန်နှင့်အဖွဲ့ဝင်များ ခရိုင်ဆရာဝန်ကြီး ဒေါတ်တာရဲဝင်းထွန်းနှင့် ကျန်းမာရေးဝန်ထမ်းများက အနီးကပ်ကြီး ကြပ်လျက်ကြည့်ရှုအားပေးလျက် ရှိကြောင်း သိရှိ ရသည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinovac) ကို ထိုးနှံမည့်သံတွဲမြို့နယ်အတွင်းရှိ အခြေခံပညာ အလယ်တန်း၊ အထက်တန်းကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းများ အပါအဝင် စုစုပေါင်း ၂၇ ကျောင်းမှ အသက် ၁၂ နှစ်အထက် အခြေခံပညာအလယ်တန်း ကျောင်းသား /သူ (၆၀၀၃)ဦး ၊ အထက်တန်းကျောင်းသား၊ ကျောင်းသူ (၂၄၃၀) ၊ ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းမှ ကျောင်းသား၊ကျောင်းသူ (၁၄၆)ဦး စုစုပေါင်း (၈၄၃၃) ဦးရှိသည့်အနက် အောက်တိုဘာ ၁၇ရက်နေ့က ဆေးထိုးစင်တာ ၁၁ ခုခွဲ၍ ထိုးပေးခဲ့ရာ ပထမအကြိမ်(ပထမ)နေ့ တွင် အသက်၁၂ နှစ်အထက် ကျောင်းသား၊ ကျောင်းသူ (၃၄၃၂)ဦး ကိုဗစ်-၁၉ ကာကွယ်ဆေး လာရောက်ထိုးနှံ ခဲ့ပြီး ကျန်ရှိသည့် ကျောင်းသား၊ကျောင်းသူ (၅၀၀၁)ဦးအား ဒုတိယနေ့အဖြစ် ဆက်လက်ထိုးနှံပေး လျက်ရှိကြောင်းသိရသည်။
သံတွဲ