ငရုတ်ကောင်း အောက်တိုဘာ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့တွင် အသက်(၁၂)နှစ်နှင့် အထက်အခြေခံပညာ အလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား ယနေ့နံနက် ၁၁နာရီမှစ၍ ငရုတ်ကောင်းမြို့(အထက)ရွှေရတုခမ်းမ၌ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး စတင်ထိုးနှံ ပေးလျှက် ရှိကြောင်းသိရသည်။
ထိုသို့ကာကွယ်ဆေးထိုးနှံပေးရာတွင် ငရုတ်ကောင်းမြို့ အုပ်ချုပ်ရေးမှူး ဦးညီညီအောင်၊ ပမ္မဝတီရေတပ်စခန်းဌာနချုပ်မှ ဗိုလ်ကြီးကျော်သူမျိုး၊ ပြည်သူ့ဆေးရုံမှ ဒေါက်တာသန်းထွဋ်ဝင်း၊ ငရုတ်ကောင်း(အထက)မှ တာဝန်ကျောင်းအုပ်ကြီးဦးဝင်းအောင်နှင့် တာဝန်ရှိသူများက အားပေးကြည့်ရှုခဲ့ကြသည်။
ငရုတ်ကောင်းမြို့တွင် ဆေးထိုးအုပ်စု(၅)အုပ်စု ထားရှိပြီး ဆေးထိုးအုပ်စု(၅)အုပ်စုမှ ကာကွယ်ဆေးထိုးနှံမည့် ကျောင်းသား၊ ကျောင်းသူ(၁၃၁၆)ဦးရှိပြီး ငရုတ်ကောင်း(အထက) ဆေးထိုးအုပ်စုမှကျောင်းသား၊ ကျောင်းသူ(၁၄၀)ဦးကို ယနေ့
တွင် ထိုးနှံပေးသွားမည်ဖြစ်ပြီး ကျန်ဆေးထိုးအုပ်စုများအား အောက်တိုဘာ ၁၉ ရက်နေ့တွင် စတင်ထိုးနှံပေးသွားမည်ဖြစ်ကြောင်းသိရသည်။
ငရုတ်ကောင်း(ပြန်/ဆက်)