ဘုတလင်မြို့နယ်တွင်ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု စာရင်းနှင့်နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိ

ဘုတလင် အောက်တိုဘာ ၁၈

 

ဘုတလင်မြို့နယ်အတွင်းရှိပြည်သူများ အိမ်ထောင်စုလူဦးရေစာရင်းနှင့်နိုင်ငံသား စိစစ်ရေး ကတ်ပြားများ ရရှိစေရန် ရည်ရွယ်ပြီး ပန်းခင်းစီမံချက်ဖြင့် ယနေ့နံနက်(၉)နာရီက  OSS ရုံးတွင် ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။

 

ယင်းသို့ဆောင်ရွက်ပေးရာတွင်  လူ၀င်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား၀န်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ၀န်ထမ်းများက အိမ်ထောင်စုလူဦးရေ စာရင်းရှိပြီး ကိုင်ဆောင်လက်မှတ်မရှိသူ  များကိုဆောင်ရွက် ပေးခဲ့ပြီး ပန်းခင်းစီမံချက် ဖြင့်ဆောင်ရွက်ရာတွင်  အသက်(၁၀)နှစ်အထက်ရှိသူများ၊ အသက်(၁၈)နှစ်နှင့် အသက်(၁၈) နှစ် အထက်နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသေးသူများကို  နိုင်ငံသားစီစစ်ရေး ကတ်ပြားများပြု လုပ်ပေးခြင်း၊ အသစ်လဲလှယ်ပေးခြင်းပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများဆောင်ရွက် ပေးခြင်းကို ပြည်သူများကျယ် ကျယ်ပြန့်ပြန့်  သိရှိစေရန် အတွက် မြို့နယ်လ.ဝ.က ဦးစီးမှူး  ဦးခင်‌မောင်သန်း ‌နှင့်ဝန်ထမ်းများက ပန်းခင်းစီမံချက်လက်ကမ်း စာစောင်များဖြန့်ဝေ  ခြင်း၊ လူစည် ကားရာနေရာများတွင် "လူမှုဘဝ ပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြစို့''ဗွီနိုင်းပိုစတာများ ချိတ်ဆွဲ၍ပြည်သူများ သိရှိနိုင်စေရန်ဆောင်လျက်ပေးလျက်ရှိပြီး ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦး ရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများဆောင်ရွက်  ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

 

ဘုတလင်