ပေါက် အောက်တိုဘာ ၁၈
မကွေးတိုင်းဒေသကြီး ၊ ပခုက္ကူခရိုင် ၊ ပေါက်မြို့နယ်၌ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထုတ်ဝေသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးပြည်သူအားလုံးပါဝင်ပေး”ဖန်ခါးမြေ လက်ကမ်း စာစောင် အတွဲ(၁) ၊ အမှတ်(၁) အခမဲ့ဖြန့်ဝေခြင်းကို အောက်တိုဘာလ ၁၈ ရက်နေ့ နံနက်(၉) နာရီအချိန်က အသက်(၁၂)နှစ်နှင့် အထက်ကျောင်း သား/ကျောင်း သူများအား ကိုဗစ်.၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံသည့် စုရပ်များဖြစ်သော အ.ထ.က ပေါက် ၊ အ.ထ.ကရေပြာနှင့် အ.ထ.က ချောင်းကူး ကျောင်းများ၌ ကာကွယ်ဆေး လာရောက်ထိုးနှံကြသည့် ကျောင်းသား/ကျောင်း သူများနှင့် မိဘပြည်သူများထံ မြို့နယ်ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီဝင်များ အခမဲ့ဖြန့်ဝေ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါလက်ကမ်းစာစောင်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအဓိကသတင်းစကား(၁၀) ချက် ၊ ၁၃.၉.၂၁ ရက်နေ့ထုတ်ကြေးမုံသတင်းစာမှ ကာကွယ်ဆေးများထိုးရန်လို အယ်ဒီတာ့ အာဘော် ကောက်နှုတ်ချက် ၊ ကိုဗစ်-၁၉ ရောဂါ၏ နောက်ဆက်တွဲဆိုးကျိုးများ ၊ ကူးစက်ရောဂါ နှိမ်နင်းရေး ဉပဒေဆိုတာဘာလဲ ၊ RDT Task Kid ဖြင့် အခမဲ့စစ်ဆေး နိုင်ကြောင်း သတင်းစကားများနှင့်မြို့နယ် အတွင်းကို.၁၉ရောဂါနှင့်ပတ်သက်၍ သိရှိလိုပါက ဆက်သွယ်မေးမြန်းနိုင်သည့် ဖုန်းနံပါတ်များ ပါဝင်ပြီး ၎င်းလက်ကမ်းစာစောင် ဖြန့်ဝေခြင်းကို မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေး ကော်မတီဝင်များ ၊ လူမှုရေးအသင်းအဖွဲ့များ လူမှုရေးအသင်းအဖွဲ့ များမှ ပူးပေါင်း၍ စောင်ရေ ၄၀၀ ကျော်အခမဲ့ဖြန့်ဝေ ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
ဥမ္မာကျော်