စဉ့်ကိုင်မြို့နယ်တွင် အသက်(၁၂)နှစ် နှင့်အထက် ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက် ထိုးနှံပေး

စဉ့်ကိုင်    အောက်တိုဘာ  ၁၈

 

နိုင်ငံတော်အစိုးရ အစီအစဉ်ဖြင့်အသက်(၁၂)နှင့်အထက် အခြေခံပညာအလယ်တန်း၊ အထက် တန်းကျောင်းများမှ ကျောင်းသား/ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေး အတွက်   ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများထိုးနှံပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျှက်ရှိရာ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊  စဉ့်ကိုင်မြို့နယ်၊    အခြေခံပညာ အထက်တန်း ကျောင်းတွင်  ယနေ့နံနက်(၉)နာရီက  စဉ့်ကိုင်အခြေခံပညာ   အထက်တန်း ကျောင်းတွင်  မိဘ အုပ်ထိန်းသူများနှင့်အတူ  ကျောင်းသား/ကျောင်းသူများအား  ပထမအကြိမ်  ကာကွယ်ဆေး များ ထိုးနှံပေးလျက်ရှိရာ ယနေ့အထိ( ၁၇၆၀ )ဦးထိုးနှံ ပေးပြီးကြောင်း သိရသည်။

 

ထိုသို့ ကာကွယ်ဆေးများထိုးနှံပေးရာတွင်  မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်ရေးနှင့် အရေး ပေါ်တုံ့ပြန်ရေးကော်မတီ၏  ကြီးကြပ်မှုဖြင့်   မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ၊   ဒု မြို့နယ်  ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသိမ့်အိသူနှင့် ကျန်းမာရေး၀န်ထမ်းများ၊  မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ၀န်ထမ်းများ၊  ဒုတိယ မြို့နယ်ပညာရေးမှူး ဦးဆန်းလွင်နှင့် ပညာရေးဌာနမှ ၀န်ထမ်းများ၊စဉ့်ကိုင်အ- ထ - က ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်နှင်းဆီ နှင့်  ဆရာ/ ဆရာမများ၊  မြို့နယ်မီးသတ်  တပ်ဖွဲ့၀င်များမြို့နယ်  မိခင်နှင့်ကလေးစောင့်ရှောက်ရေး

အသင်း၀င်များ၊   အမျိုးသမီးရေးရာအဖွဲ့၀င်များ၊  လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ် ရေးမှူး များပူးပေါင်း၍ ကျောင်းသား /  ကျောင်းသူများ   ကာကွယ်ဆေးမထိုးမီ   လက်သန့် ဆေးရေဖြင် လက်ဆေးစေခြင်း ၊ ကိုယ်အပူချိန်တိုင်းခြင်း၊   သွေးပေါင်ချိန်တိုင်းခြင်း ၊ ကာကွယ်ဆေးထိုးပြီးလျှင်   ဆေးနှင့်  ဓာတ်မတည့်ခြင်း၊   ဘေးထွက်ဆိုးကျိုးလက္ခဏာများ တစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက ချက်ခြင်း အရေးပေါ်တုံ့ပြန်နိုင်ရန် အတွက်  မိနစ်(၃၀)ခန့်   အကြာ

စောင့်ကြပ် ကြည့်ရှုပေးခြင်းများ ဆောင်ရွက်ပေးခဲ့သည်။

         

စဉ့်ကိုင်မြို့နယ်အတွင် ကျောင်းသား၊ ကျောင်းသူများကာကွယ်ဆေး  လာရောက်ထိုးနှံရာတွင်   အဆင်ပြေစေရေးအတွက်   အခြေခံပညာ  အလယ်တန်း၊   အထက်တန်း ကျောင်းပေါင်း (၃၀)  နှင့်   ကိုယ်ပိုင်ကျောင်း(၃)  ကျောင်း၊    ဘုန်းတော်ကြီး သင်ပညာရေးကျောင်း(၄)ကျောင်း မှကျောင်းသား၊ ကျောင်းသူများအား စဉ့်ကိုင် အ-ထ-က​ ကျောင်းတွင်(၁၉) ကျောင်း၊ ပလိပ် အ-ထ-  က ကျောင်းတွင်(၁၀) ကျောင်း၊   ဘယ်လင်း အ-ထ-က ကျောင်းတွင်  (၁၁)   ကျောင်း၊ စုရပ်နေရာ (၃) နေရာခွဲ၍  ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း    မြို့နယ်ပညာရေးမှူး ထံကသိရသည်။

 

                                                                                                                           ၀င်း၀င်းသန်း(စဉ့်ကိုင်)