ပုဏ္ဏားကျွန်း ၊ အောက်တိုဘာ ၁၈
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ပညာသင် ယူလျက်ရှိသော အသက်(၁၂)နှစ်အထက် ကျောင်းသား/သူများအား “ကာကွယ်ဆေးဖြင့် လွမ်းခြုံအပ်သော အနာဂတ်ပန်းခင်းများဆီသို့” ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာ ပျော်ရွှင်စွာ ပညာသင်ယူနိုင်ခွင့်ရရှိစေရန် ရည်ရွယ်ပြီး၊ (Sinovac)အမျိုးအစား ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ် ဆက်လက်ထိုးနှံခြင်းကို ယနေ့၊ နံနက်(၉)နာရီက ပုဏ္ဏားကျွန်း မြို့ အခြေခံပညာ အထက်တန်းကျောင်းခန်းမနှင့်သတ်မှတ်စုရပ် နေရာများတွင် ဆက်လက်
ထိုးနှံပေးလျက်ရှိသည်။
အဆိုပါကာကွယ်ဆေးထိုးနှံခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်သိန်းနှင့် အဖွဲ့ဝင်များ ကြီးကြပ်မှုဖြင့် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ အောင်စစ်ထွန်း ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(Sinovac)အား ဆက်လက်ထိုး နှံရာတွင် ကျန်းမာရေးဝန်ကြီးဌာန၏ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ကာကွယ်ဆေး မထိုးမီ ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ သွေးတွင်းအောက်ဆီ ဂျင်ပမာဏ တိုင်းတာခြင်းတို့စသည့် ကျန်းမာရေးစစ်ဆေးမှုများဆောင်ရွက်ပေးပြီး ကာကွယ်ဆေးထိုးပြီးသူများကို မိနစ်(၃၀)ခန့်အနားပေး စောင့်ကြည့်ပြီးမှ ပြန်လည် ထွက်ခွာခွင့်ပြု ကြောင်းသိရသည်။
ကျွန်တော်ကတော့ ပန်းပျိုးလက် ကိုယ်ပိုင်းအထက်တန်းကျောင်း ဒသမတန်းတွင် ပညာသင် ကြားနေတဲ့ မောင်အောင်မျိုးဟိန်း ဖြစ်ပါတယ်၊ အသက်ကတော့ (၁၇)နှစ်ပါ၊ ကျနော်ကာကွယ် ဆေးထားတဲ့အတွက် ကျောင်းပြန်ဖွင့်တဲ့အခါ ယုံကြည်စိတ်ချစွာဖြင့် ကျောင်းပြန်တက်ခွင့်ရ မှာမို့ အလွန်ကျေနပ်မိ ပါတယ်လို့ပြောကြားခဲ့ပါတယ်။
သမီးကတော့ ပုဏ္ဏားကျွန်းမြို့၊မူ(လွန်)စံပြ-၂ ကျောင်းမှ Grade-7 ကျောင်းသူ မစိုးရီဝင်း ဖြစ်ပါတယ်၊ အခုကိုဗစ်-၁၉ ကာကွယ်ဆေးကို ယုံကြည်ချက်အပြည့်နဲ့ ပုဏ္ဏားကျွန်း အထက ကျောင်းသို့ လာရောက်ထိုးနှံ ဖြစ်ပါတယ်၊ကျောင်းတွေ အမြန်ဆုံးဖွင့်ပေးစေချင်ပါတယ်၊ ကာကွယ်ဆေးထိုးပြီးတော့ ကျောင်းပြန်ဖွင့်တဲ့အခါမှာ ပျော်ပျော်ရွှင်ရွှင်နဲ့ ပညာကိုဆက်လက် သင်ယူချင်လို့ လာထိုးဖြစ်တာပါ၊ ကာကွယ်ဆေးထိုးတဲ့ အပေါ်မှာလည်း အားရကျေနပ်မိပါ တယ်၊ ကာကွယ်ဆေးထိုးပေးတဲ့ လူကြီးတွေလည်း အများကြီးကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်။
သမီးကတော့ မူ-လွန်(စံပြ-၃)ကျောင်းမှာ ပညာသင်ကြားနေတဲ့ Grade-7 ကျောင်းသူ မခင်မြတ်ဌေး ဖြစ်ပါတယ်၊ ကျောင်းပြန်လည်တက်ခွင့်ရဖို့ မျှော်လင့်နေ ပါတယ်၊ သမီးတော့ ကာကွယ်ဆေးထိုးရတာကို အလွန်ကျေနပ်မိပါတယ်၊ ကျောင်းသား၊ ကျောင်းသူ တွေလည်း လာရောက် ထိုးနှံပေးကြဖို့ တိုက်တွန်းချင်ပါတယ်။
ကျွန်မကတော့ ပုဏ္ဏားကျွန်းမြို့ အထက မှ မောင်ကောင်းကောင်း မိခင်တစ်ဦးဖြစ်ပါတယ်၊ အခုလို သားသမီးတွေကို နိုင်ငံတော်အစိုးရက ကာကွယ်ထိုးပေး နေတာကို မြင်ရလို့ အားရ ကျေနပ်မိပါတယ်၊ သား/သမီးတွေပညာရေးကိုလည်း အေမတန်စိုးရိမ်နေရပါတယ်၊ အခုတော့ ကာကွယ်ဆေးများထိုးနေပြီဆိုတော သားသမီးပညာ ဆက်လက် သင်ယူခွင့်ရဖို့ မျှောလင့်နေ ပါတယ်၊ ကျောင်းတွေလည်း အမြန်ဖွင့်ပေးစေချင်ပါတယ်၊ ကျောင်းတွေလည်း အမြန်ဆုံးဖွင့် ပေးစေချင်ပါတယ်၊ “ကာကွယ်ဆေးဖြင့် လွမ်းခြုံတဲ့ အနာဂတ်ပန်းခင်းလမ်းသို့” ဆောင်ပုဒ်နှင့် အညီ ကျောင်းတွေအမြန်ဖွင့်ပေးဖို့ မျှော်လင့်တမ်းတနေပါတယ်။
အဆိုပါ ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးရာတွင် ပုဏ္ဏားကျွန်းမြို့နယ်အတွင်း အခြေခံပညာကျောင်းများ၌ ပညာသင်ကြားလျက်ရှိသော အသက်(၁၂)နှစ်အထက်ရှိ ကျောင်း သား/သူစုစုပေါင်း(၁၁၀၈၉)ဦးတို့ကို ပင်မစုရပ်နေရာ(၂၇)နေရာတို့၌ ဆက်လက် ထိုးနှံပေးလျက်ရှိရာ ယမန်နေ့က အလယ်တန်း အဆင့်တွင် ၂၆၆၅ ဦး၊ အထက်တန်း အဆင့်တွင် ၁၃၅၁ ဦး၊ စုစုပေါင်း(၄၀၁၆)ဦးတို့ကို ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့် အညီ စနစ်တကျ ထိုးနှံပေးနိုင်ခဲ့ကြောင်း မြို့နယ်ပညာရေးမှူး ဦးကျော်ဟန် ထံမှသိရသည်။
ထိုသို့ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာ အောင်စစ်ထွန်း ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်း များ၊ ပညာရေးဝန်ထမ်းများနှင့်ဆရာ/မများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် စေတနာ့ ဝန်ထမ်းတို့က ကျောင်းသား/သူများအား ကာကွယ်ဆေးထိုးနှံပေးရာတွင် အဆင်ပြေချောမွေ့ စေရေးအတွက် ပူးပေါင်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
နီထွန်းအောင်