မကွေး အောက်တိုဘာ ၁၈
မကွေးတိုင်းဒေသကြီး Coronavirus Disease 2019 (COVID-19)ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီနေ့စဉ်လုပ်ငန်းညှိနှိုင်းအမှတ်စဉ်(၃၇/၂၀၂၁) အစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီက မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ ရာ မကွေတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင့်လွင် တက်ရောက်အမှာစကားပြောကြား ခဲ့ကြောင်း သိရသည်။
အခမ်းအနားအတွင် တိုင်းဒေသကြီးကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်က အမှာစကား ပြောကြားရာတွင် တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်မှုများ လျော့နည်းလာပြီ ဖြစ်သော်လည်း RDT Test Kit စစ်ဆေးခြင်းများအား ဆက်လက်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ယခုအခါ နိုင်ငံတော်အစိုးရမှ ကျောင်းသား/သူများ အေးချမ်းစွာ ပညာသင်ကြားနိုင်ရေးအတွက် ကိုဗစ်-၁၉ကာကွယ်ဆေးများကို တိုင်းဒေသကြီး/ပြည်နယ်များအ လိုက် ထိုးနှံပေးလျက်ရှိရာ မိမိတို့ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင်လည်း အသက်(၁၂)နှစ် အခြေခံပညာ အထက်တန်း၊ အလယ်တန်း ကျောင်းသား/သူများအား ကိုဗစ်-၁၉ကာကွယ်ဆေးထိုးနှံပေးလျက်ရှိရာ ကာကွယ် ဆေးထိုးရန် စာရင်းရှိသည့် ကျောင်းသား/သူများအားလုံး ကိုဗစ်-၁၉ကာကွယ်ဆေး လာရောက် ထိုးနှံရေးနှင့် အဆင်ပြေ ချော့မွေစွာ ထိုးနှံနိုင်ရေးအတွက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန် လိုကြောင်း ပြောကြားသည်။
ယင်းနောက် သက်ဆိုင်ရာခရိုင်များအလိုက် တာဝန်ပေးအပ်ထားသည့် ကော်မတီဝင်များက ခရိုင်/မြို့နယ်များတွင် ကိုဗစ်-၁၉ရောဂါကူးစက်မှုအခြေအနေများ၊ ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးအတွက် နေ့စဉ် လုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေများကို လည်းကောင်း ရှင်းလင်း တင်ပြဆွေးနွေးခဲ့ကြပြီး တိုင်းဒေသကြီးပြည်သူ့ ကျန်းမာရေးနှင့်ကုသရေးဦးစီးမှူးက တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်များအလိုက် ဒေသခံ ပြည်သူများအား ကိုဗစ်-၁၉ကာကွယ် ဆေးများ ထိုးနှံပေးမှု အခြေအနေများနှင့်ထိုးနှံပြီးစီးမှုအခြေအနေများ၊ ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှု များသော မြို့နယ်များတွင် RDT Test Kit များဖြင့် ကိုဗစ်-၁၉ရောဂါ စစ်ဆေးမှုအခြေအနေများနှင့် ဆက်လက်စစ်ဆေးသွားမည့် အခြေအနေများ ကိုလည်းကောင်း၊ တိုင်းဒေသကြီးပညာရေးမှူးက တိုင်းဒေသကြီး အခြေခံပညာဦးစီးဌာနအောက်ရှိ အသက်(၁၂)နှစ် ကျောင်းသား/သူများအား ကိုဗစ်-၁၉ကာကွယ်ဆေးများ ထိုးနှံပေးနေမှုအခြေအနေများနှင့် ဆက်လက် ထိုးနှံပေးမည့် အခြေ အနေများကိုလည်းကောင်း ၊ တိုင်းဒေသကြီး ပြန်/ဆက်ဦးစီးမှူးက ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရေး နှင့် အသက်(၁၂)နှစ်အထက် ကျောင်းသား/သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှုများအား ပြည်သူများ သိရှိနိုင်ရေးအတွက် အသိပညာပေး လှုံ့ဆော် ဆောင်ရွက်ထားရှိမှုများ ကိုလည်းကောင်း၊ ဌာနဆိုင်ရာများက ကိုဗစ်-၁၉ရောဂါနှင့်ပတ်သက်၍ လုပ်ငန်းဆောင်ရွက်နိုင်မှု အခြေအနေများကို ရှင်းလင်းတင်ပြ ဆွေးနွေးခဲ့ကြပြီး တိုင်းဒေသကြီး ကိုဗစ်-၁၉ထိန်းချုပ်ရေး နှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဌ တိုင်းဒေသကြီး ဝန်ကြီးချုပ်က တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ ကိုဗစ်-၁၉ရောဂါ ကူးစက်မှုလျော့ချရေး လုပ်ငန်းစဉ်များ ဆက်လက်ပြီး ဝိုင်းဝန်း ပူးပေါင်းဆောင် ရွက်ကြရန်နှင့် ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးဗဟိုကော်မတီ၏ လမ်းညွှန်ချက်များအား အချိန် နှင့်တစ်ပြေးညီ လိုက်နာဆောင်ရွက်သွားကြရန် လမ်းညွှန်မှာကြား ခဲ့ကြောင်း သိရသည်။
ကိုစည်သူ(မကွေး)