နတ်မောက်မြို့နယ်တွင် နတ်မောက်ရေလှောင်တမံ ရေပိုလွှဲမှ ၁.၇ ပေ ဆက်လက်ရေကျော်ကျလျက်ရှိ

 

နတ်မောက် အောက်တိုဘာ  ၁၈

 

မကွေးတိုင်ဒေသကြီး နတ်မောက်မြို့နယ်တွင် အောက်တိုဘာလအတွင်း မိုးဆက်တိုက်ရွာသွန်းမှုကြောင့် နတ်မောက်ရေလှောင်တမံတွင် မိုးရေဝင်ရောက်မှုတိုးလာသဖြင့် ယနေ့နံနက် (၆)နာရီအချိန် တိုင်းထွာချက်အရ ရေပိုလွဲမှ ၁.၇ ပေ  ဆက်လက်ရေကျော်ကျလျက်ရှိကြောင်း အဆိုပါနတ်မောက်ရေလှောင်တမံမှ တာဝန်ခံထံက သိရသည်။ 

 

နတ်မောက်မြို့နယ်ရှိ နတ်မောက်ရေလှောင်တမံသည် အောက်တိုဘာလ (၁၇) ရက်နေ့တွင် တမံရေပြည့် အမှတ် ၆၈၃ ပေ၊ လက်ရှိရေအမှတ် ၆၈၄.၄ ပေ ရှိ၍ ၁.၄ ပေခန့် ရေပိုလွှဲမှရေကျော်ကျခဲ့ပြီး ယနေ့နံနက် (၆)နာရီ တိုင်းထွာချက်အရ လက်ရှိရေအမှတ် ၆၈၄.၇ ပေ ရှိပြီး ၁.၇ ပေ ရေပိုလွှဲမှဆက်လက်ရေကျော်ကျ လျက်ရှိကြောင်း သိရသည်။

 

နတ်မောက်ရေလှောင်တမံရေပိုလွဲမှရေကျော်ကျမှု ရှိနေသော်လည်း တမံအတွင်းရေဝင်ရောက်မှု အခြေအနေနဲ့ တမံရေပိုလွှဲမှရေကျော်ကျမှုအခြေအနေများကို တမံအောက်ဘက်ရှိဒေသခံပြည်သူများ သိရှိအောင်ဆောင်ရွက် ထားကြောင်း၊ မျက်မြင်စစ်ဆေးမှုအခြေအနေများအရ တမံနှင့်တမံဆက်စပ်ရေအား အဆောက်အအုံများအားလုံး ကြံ့ခိုင်ကောင်းမွန်ကြောင်း၊ ဝန်ထမ်းများကိုလည်း  ရေကင်းဂျူတီချကာ (၂၄) နာရီပတ်လုံး စောင့်ကြပ်ကြည့်ရှု လျက်ရှိပြီး တာဝန်ရှိသူအဆင့်ဆင့်မှလည်းအချိန်နဲ့တပြေးညီကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်းဆည်မြောင်း နှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ  တာဝန်ခံ ဦးထိန်လင်း ထံမှ သိရသည်။

 

သင်းသင်းမြတ်