Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
ပုသိမ်ကြီးမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် ကျေးရွာအရောက် ကွင်းဆင်း၍ နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေး
Oct 18,2021
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ပန်းခင်း စီမံချက်ဖြင့် ဆောင်ရွက်ပေးလျက်ရှိရာ အောက်တိုဘာ ၁၆ ရက် နံနက် ၉ နာရီခွဲက ဝင်းခြံကျေးရွာအုပ်စုမှ ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
မတ္တရာမြို့နယ်၌ ၁၂ နှစ်နှင့်အထက် ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ စတင်ထိုးနှံပေး
Oct 18,2021
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများ၊ ဘုန်းတော်ကြီး သင်ပညာရေးကျောင်းများနှင့် ကိုယ်ပိုင်ကျောင်း များမှ ၁၂ နှစ်နှင့်အထက် ကျောင်းသား/ကျောင်းသူများကို ယမန်နေ့ နံနက်ပိုင်းမှ စတင်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို စတင်ထိုးနှံ ပေးခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
နမ္မတူတွင် အသက် (၁၂)နှစ် ပြည့်ပြီး (၁၈)နှစ် အတွင်းရှိ အခြေခံပညာ အလယ်တန်း၊ အထက်တန်း ကျောင်းသား/ကျောင်းသူများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေး
Oct 18,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းရှိ ပညာရောင်ခြည်ခန်းမ၌ ယမန်နေ့လယ် (၁)နာရီအချိန်ခန့်က စတင်ကာ ကာကွယ်ဆေးဖြင့် လွှမ်းခြုံအပ်သော အနာဂတ်ပန်းခင်းများဆီသို့ ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးကြပါစို့ ဆောင်ပုဒ်နှင့်အညီ အသက် (၁၂) နှစ်ပြည့်ပြီး (၁၈)နှစ်အတွင်းရှိ အခြေခံပညာ အလယ်တန်း၊ အထက်တန်း ကျောင်းသား/ကျောင်းသူများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ စတင်ထိုးနှံ ပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
တကောင်းမြို့၌ အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ပထမအကြိမ်စတင် ထိုးနှံပေး
Oct 18,2021
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့၌ အသက် (၁၂)နှစ်နှင့် အထက်တန်း ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinovac) ပထမအကြိမ် စတင်ထိုးနှံပေးခြင်းကို ယမန်နေ့နံနက် ၉ နာရီက တကောင်းမြို့၊ အခြေခံပညာ အထက်တန်းကျောင်းစုရပ်တွင် ထိုးနှံပေးခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ကော့ကရိတ်မြို့နယ်အတွင်းရှိ အသက် (၁၂)နှစ်အထက် အလယ်တန်း၊ အထက်တန်း ကျောင်းသား၊ ကျောင်းသူများ ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံသည့်နေ့တွင် လာရောက်ထိုးနှံသူများပြား
Oct 18,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်အတွင်းရှိ အသက် (၁၂)နှစ်နှင့်အထက် အလယ်တန်း၊ အထက်တန်း ကျောင်းသူများအား ပထမအကြိမ် ကိုဗစ် - ၁၉ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံခြင်းကို ယမန်နေ့ နံနက် ၈ နာရီအချိန်က ဆေးထိုးစုရပ် (၅)နေရာ၌ စတင်ထိုးနှံပေးရန် လျာထားသော်လည်း လာရောက်ထိုးနှံသည့် ကျောင်းသား၊ ကျောင်းသူဦးရေ များပြားသောကြောင့် ဆေးထိုးစုရပ် (၁၃)နေရာ ပြန်လည်သတ်မှတ်၍ ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရှမ်း/မြောက်အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက် (၁၂) နှစ် ပြည့်ပြီးသော ကျောင်းသားကျောင်းသူ (၁) သောင်း (၂) ထောင်ဦးကျော်အား Sinovac ကိုဗစ်(၁၉) ကာကွယ်ဆေး ပထမအကြိမ် စတင်ထိုးနှံပေး
Oct 18,2021
အပြည့်အစုံ ဖတ်ရန်
သာစည်မြို့နယ်တွင် အသက် ၁၂ နှစ်နှင့်အထက်ကျောင်းသား/သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးစတင်ထိုးနှံ
Oct 18,2021
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် အသက် ၁၂ နှစ်နှင့်အထက် အထက်တန်းနှင့်အလယ်တန်း ကျောင်းသား/သူများအား ယမန်နေ့နံနက်ပိုင်းက စတင်၍ဆေးထိုးအဖွဲ့များက ဆေးထိုးစုရပ် ၁၄ နေရာဖြင့်ပထမအကြိမ်ကိုဗစ်-၁၉ ကာကွယ်ဆေးစတင် ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မေတ္တာမြို့တွင် အသက်(၁၂)ပြည့်ပြီးသော ကျောင်းသား/ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရန် အတွက်(ပထမအကြိမ်)ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေး
Oct 18,2021
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် မေတ္တာမြို့တွင်အသက်(၁၂)နှစ်ပြည့်ပြီးသော ကျောင်းနေအရွယ်ကလေးတိုင်း (ပထမအကြိမ်) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ယနေ့ နံနက် ၈ နာရီခွဲမှစ၍ အ-ထ-က၊ မေတ္တာကျောင်း ခန်းမတွင် စနစ်တကျ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25425
Page
25426
Page
25427
Page
25428
Current page
25429
Page
25430
Page
25431
Page
25432
Page
25433
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department