သတင်းများ

ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေး
Jun 21,2021
ဧရာဝတီတိုင်းဒေသကြီး ၊ ဖျာပုံခရိုင် ၊ ဖျာပုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးအစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်က ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ မြို့နယ်ကိုဗစ်ကော်မတီဝင်များ ၊ ဌာနဆိုင်ရာများ ၊ မြို့မိမြို့ဖ များ ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ညှိနှိုင်းဆွေးနွေးခဲ့ကြောင်းသိရသည်။
သာစည်မြို့နယ်တွင် ကျောင်းအဆင့်တိုးမြှင့်ဖွင့်လှစ်ပွဲနှင့် ပညာရေးဌာနသို့ ကျောင်းဆောင်သစ် လွှဲပြောင်း ပေးအပ်ပွဲ ကျင်းပပြုလုပ်
Jun 21,2021
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ် ကိုင်းရိုးကျေးရွာ အခြေခံပညာ မူလတန်းလွန်ကျောင်းအား အလယ်တန်းကျောင်း(ခွဲ)အဖြစ် အဆင့်တိုးမြှင့် ဖွင့်လှစ်ပွဲနှင့် အလှူရှင်မှ ဆောက်လုပ်လှူဒါန်းသော ခေမာဓိပတိခိုင်မေတ္တာ စာသင်ကျောင်းဆောင်သစ်အား ပညာရေးဌာနသို့ လွှဲပြောင်းပေးအပ်ပွဲကို ယနေ့ နံနက် ၉ နာရီက အဆိုပါကျောင်း၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။
ရန်ကင်းမြို့နယ်တွင်ရှေးဦးပြုစုခြင်း အ​ခြေခံသင်တန်းအမှတ်စဉ် (၁/၂၀၂၁)သင်တန်းဖွင့်လှစ်
Jun 21,2021
ရန်ကုန် အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများနှင့် အရေးပေါ် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ရှေးဦးပြုစုခြင်း အခြေခံသင်တန်း အမှတ်စဉ်(၁/၂၀၂၁)သင်တန်းကို ယနေ့နံနက်(၉:၀၀)အချိန်က ရန်ကင်းမြို့နယ် အမှတ်(၁၄) ရပ်ကွက် မိုးကောင်းဘုရားဝင်းအတွင်းရှိ အရိယာဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျောင်းကုန်းမြို့တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားကတ်နှင့်အိမ်ထောင်စုစာရင်းများ ကွင်းဆင်းဆောင်ရွက်ပေး
Jun 21,2021
 ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်အတွင်း နေထိုင်ကြသည့် တိုင်းရင်းသား များနှင့် ဥပဒေအရကိုင်ဆောင်သင့်သည့်ကတ်ပြား ထုတ်ပေးရေး ပန်းခင်းစီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးဝင်းရှိန်နှင့် ဝန်ထမ်း များက ယမန်နေ့နံနက်ပိုင်းက တံခွန်တိုင်ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ကွင်းဆင်း ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
၁၃၈၃ ခုနှစ်(၂၀၂၁)ခုနှစ် အစိုးရနိကာယ် စာမေးပွဲကျင်းပရာ စာဖြေဌာနအား မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ လုပ်အားဒါနကူညီဆောင်ရွက်
Jun 21,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ ၁၃၈၃ ခုနှစ်(၂၀၂၁)ခုနှစ် အစိုးရနိကာယ်စာမေးပွဲကို ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ရှိ အမှတ်(၄၂)ရပ်ကွက်၊ မဟာဂန္ဓာရုံ ကျောင်းတိုက်၌ ကျင်းပမည်ဖြစ်ရာ ယမန်နေ့က
ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးရဲတင့် ပျော်ဘွယ်မြို့နယ်ရုံး ဝန်ထမ်း များနှင့်တွေ့ဆုံ
Jun 21,2021
ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးရဲတင့်သည် ယနေ့ မွန်းလွဲ(၁)နာရီခန့်က ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးသို့ရောက်ရှိပြီး Community Centre ခန်းမတွင် ဝန်ထမ်းများနှင့်တွေ့ဆုံခဲ့ကြောင်းသိရသည်။
ငပုတော၌ နှာခေါင်းစည်းတပ်ဆင်ရေး လှုပ်ရှားမှုပြုလုပ်ပြီး ပါးစပ်နှင့်နှာခေါင်းစည်း၅၀၀အား ပြည်သူများထံပေးဝေ
Jun 21,2021
ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့၌ ပထမဆုံးအကြိမ်အဖြစ်ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၁၀ဦးရှိလာ‌ချိန်တွင် ပြည်သူ များအနေဖြင့် နှာခေါင်းစည်းများ တပ်ဆင်သွားလာအသုံးပြုစေရေးနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန် ထားသည့် ညွှန်ကြားချက်များနှင့်အညီ သွားလာနေထိုင်စေရေး အသိပညာပေးလှုပ်ရှားမှုကို ယနေ့နံနက်ပိုင်းက ငပုတော မြို့မဈေးနှင့် ဈေးတံတား၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဒေါပုံမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်
Jun 21,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်တွင်ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ နေ့လယ် ၁၂ နာရီ ၃၀ အချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။