ရမ်းဗြဲမြို့နယ်၌ အောက်ဆီဂျင်ထုတ်စက်နှင့်ဆက်စပ်ပစ္စည်းများရောက်ရှိ

ရမ်းဗြဲ ၊  အောက်တိုဘာ  ၁၈

 

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၌ အရပ်ဖက်ပရဟိတအဖွဲ့အစည်းများမှဦးဆောင်ပြီး အောက်ဆီဂျင်ထုတ်စက်ရုံတည် ဆောက်နိုင်ရေးအတွက် ၂၀၂၁- ခုနှစ်၊ ဇူလိုင်လမှစတင်ဆောင်ရွက်ခဲ့ကြရာ ယနေ့ နံနက်ပိုင်းက အောက်ဆီဂျင်ထုတ်စက်နှင့် ဆက်စပ်ပစ္စည်းများ ရောက်ရှိလာပြီးဖြစ်ကြောင်းသိရသည်။

 

ရမ်းဗြဲမြို့နယ်တွင်လိုအပ်လျက်ရှိသော အောက်််ဆီဂျင်စက်ရုံတည်ဆောက်နိုင်ရေးအတွက် မြို့နယ်တွင်းမှ စေတ နာရှင်များ၊ ပြည်တွင်း၊ ပြည်ပမှစေတနာရှင်များ၏လှူဒါန်းပေးမှုနှင့် အောက်ဆီဂျင်ထုတ်စက်ရုံ တည်ဆောက်ရေးဦးဆောင် ကော်မတီ ဝင်များ၏ ကြိုးပမ်းမှုဖြင့်အောက်ဆီဂျင်ထုတ်စက်ရုံမှာဆောက်ပြီးစီး၍  အောက်ဆီဂျင်အိုးများလည်းပြည့်စုံလုံ လောက်စွာ ရရှိထားပြီးဖြစ်သည်။

 

ယခုအခါ အောက်ဆီဂျင်ထုတ်စက်နှင့်ဆက်စပ်ပစ္စည်းများမှာလည်းရောက်ရှိပြီးဖြစ်သည့်အတွက် အောက်ဆီဂျင် ထုတ် စက်ကို တပ်ဆင်ပြီးပါက စက်ရုံမှ တစ်နာရီလျှင် ၄၀ လီတာအိုး ၄ -လုံးထုတ်ပေးနိုင်မှာဖြစ်ပြီး၊ တစ်နေ့လျှင် နာရီ ၂၀ ခန့်လည်ပတ် ထုတ်လုပ်နိုင်မည်ဖြစ်သောကြောင့်တစ်နေ့လျှင် ၄၀ -လီတာ အိုး( ၈၀ )အိုး ထုတ်ပေးနိုင်မှာဖြစ်ကြောင်းနှင့် အောက်ဆီဂျင်ထုတ် စက်ကိုလည်းအမြန်ဆုံးတပ်ဆင်ထုတ်လုပ်နိုင်ရန်အတွက် ကျွမ်းကျင်ပညာရှင်များဖြင့်အမြန်ဆုံပြီးစီးနိုင် ရန်အတွက် တပ်ဆင်သွားရန်ရှိကြောင်းကို ဦးဆောင်ကော်မတီများထံမှ သိရသည်။

အောင်နိုင်