Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
ဘူးသီးတောင်မြို့နယ်အတွင်းရှိ အသက် (၁၂)နှစ်နှင့်အထက် အခြေခံပညာကျောင်းများမှ ကျောင်းသား/သူ (၇၀၇၄)ဦးတို့အား ကိုဗစ်-၁၉ ကာကွယ်ဆေး (ပထမ)အကြိမ် ထိုးနှံပေးပြီးဖြစ်
Oct 19,2021
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား/ကျောင်းသားများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်စေပြီး ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို အထက (၁)ဘူးသီးတောင်နှင့် အထက(၂) ဘူးသီးတောင်တို့၌ စုရပ်ထားရှိကာ ယနေ့နံနက် (၉)နာရီအချိန်မှ ဆက်လက် ထိုးနှံပေးသည်။
အပြည့်အစုံ ဖတ်ရန်
လယ်ဝေးမြို့နယ်တွင် ဦးတည်အုပ်စုများအလိုက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိ
Oct 19,2021
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်တွင် အသက်(၅၅)နှစ်အထက် အသက်ကြီးသူများ၊ မသန်စွမ်းသူများ၊ နာတာရှည်ရောဂါရှိသူများနှင့် ဦးတည်အုပ်စုများအလိုက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm)ကို ဒုတိယအကြိမ်အဖြစ် အောက်တိုဘာ (၁၆)ရက်မှ စတင်ထိုးနှံပေး လျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
မောက်မယ်မြို့နယ်အတွင်း အသက် ၁၂နှစ်နှင့်အထက် ကျောင်းသား၊ကျောင်းသူများအား ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေး
Oct 19,2021
“ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်၁၉ရောဂါ ကာကွယ်ဆေး ထိုးကြပါစို့” ဆောင်ပုဒ်နှင့်အညီ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်းအသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား/ကျောင်းသူများအား ကိုဗစ်၁၉ ရောဂါ ကာကွယ်ဆေး (Sinovac) ပထမအကြိမ် ထိုးနှံခြင်းကို ယနေ့နံနက် ၉နာရီက စျေးတန်းရပ်ကွက်၊ အခြေခံပညာ အလယ်တန်းကျောင်းခွဲတွင် စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဖြူမြို့နယ်အတွင်းရှိ အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိ
Oct 19,2021
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်းရှိ အခြေခံပညာအလယ်တန်းနှင့် အထက်တန်းကျောင်း များမှ အသက်(၁၂)နှစ်နှင့်အထက်ရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါကာကွယ် ဆေးထိုးနှံခြင်းကို ယနေ့နံနက် ၉ နာရီက အမှတ်(၁)၊ အခြေခံပညာ အထက်တန်းကျောင်းရှိ နဝရတ် ခန်းမဆောင်တွင် ကျန်းမာရေးဌာနမှ ဝန်ထမ်းများက တတိယမြောက်နေ့အဖြစ် ဆက်လက်ထိုးနှံပေး လျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် အမှတ်(၁၀)ရပ်ကွက်၌ "ပန်းခင်းစီမံချက်"ဖြင့် အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပေးအပ်
Oct 19,2021
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးကိုကိုနှင့် ဝန်ထမ်းများသည် အမှတ်(၁၀)ရပ်ကွက်ရှိ ပြည်သူများအား ယနေ့နံနက်ပိုင်းက "ပန်းခင်းစီမံချက်" ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပေးအပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အရာတော်မြို့၌ အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinovac) ပထမအကြိမ် စတင်ထိုးနှံ
Oct 19,2021
စစ်ကိုင်းတိုင်းသေကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့နယ် အခြေခံပညာ အထက်တန်းကျောင်း၌ အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinovac) ထိုးနှံပေးခြင်းကို ယမန်နေ့ နေ့လယ်(၁)နာရီက စတင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဖြူမြို့ရှိ အခြေခံပညာကျောင်းများတွင် အသက် ၁၂ နှစ်နှင့် အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ဆေး တတိယနေ့(ပထမအကြိမ်)ထိုးနှံပေးလျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများ၏ ရင်တွင်းစကားသံများကို တွေ့ဆုံမေးမြန်း
Oct 19,2021
အပြည့်အစုံ ဖတ်ရန်
သံတွဲမြို့နယ်ရှိ အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား/ကျောင်းသူလေးများအား ပထမအကြိမ် (တတိယ)နေ့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinovac) ထိုးနှံပေး
Oct 19,2021
ကိုဗစ်ရောဂါ ကာကွယ်ထိန်းချုပ် ကာကွယ်နိုင်ရေးအတွက် သံတွဲမြို့နယ်ရှိ အသက် ၁၂ နှစ်နှင့်အထက် အလယ်တန်း၊ အထက်တန်း ကျောင်းသား/ကျောင်းသူလေးများအား ကျောင်းနေအရွယ် ကလေးများ ကျန်းမာပျော်ရွင်စွာ ပညာသင်ကြားနိုင်ရေးအတွက် ကိုဗစ်ရောဂါ ကာကွယ်ဆေး (Sinovac) ကို အောက်တိုဘာ ၁၉ ရက်နေ့တွင် သတ်မှတ်ထားသော ကျောင်းများ၏ သတ်မှတ်ကျောင်းသား ဦးရေအလိုက် သက်ဆိုင်ရာ စုရပ်ဆေးထိုး စင်တာ(၁၁)ခု တွင် ပထမအကြိမ် (တတိယ)ရက်အဖြစ် နံနက် ၈နာရီမှ စတင်ထိုးနှံပေးလျက်ရှိကြောင်း ကျန်းမာရေးဦးစီးဌာနမှ သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25421
Page
25422
Page
25423
Page
25424
Current page
25425
Page
25426
Page
25427
Page
25428
Page
25429
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department