ကျောက်ဆည်မြို့တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ
Jun 22,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့တွင် ပြည်သူများ မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန်အတွက် ယနေ့နံနက်(၈)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် အပြည်ပြည်ဆို်ငရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်တင်ထွေးနှင့် ဝန်ထမ်းများက လူစည်ကားသည့်နေရာများဖြစ်သည့် အေးမြကြည်လင်ဈေး၊ တံစိုးဂိတ်ရပ်ကွက်လမ်းဆုံနှင့် အခြေခံပညာအထက်တန်းကျောင်းများတွင် ဖြန့်ဝေခဲ့ကြောင်း သိရှိရသည်။