Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
ပေါင်မြို့နယ်ရှိ အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ဆက်လက်ထိုးနှံပေး
Oct 18,2021
မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်တွင် ကျောင်းသား/ကျောင်းသူများ ပညာသင်ယူခွင့်အခွင့်အလမ်းများ ရရှိစေရန်နှင့် ကာကွယ်ဆးလွှမ်းခြုံမှု အလျင်အမြန်ရရှိစေရေးအတွက် အသက် (၁၂)နှစ်နှင့်အထက် ကျောင်းသား/ ကျောင်းသူ များအား အောက်တိုဘာ ၁၈ရက် နံနက် ၉နာရီက အလှပ်ကျေးရွာ အ.ထ.က ကျောင်းနှင့် သဲကုန်းကျေးရွာ အ.ထ.ကကျောင်း စုရပ်များတွင် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရွာသစ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် မြန်မာ၊ ရှမ်း၊ ကယား သုံးဘာသာဖြင့် အသိပေးနှိုးဆော်
Oct 18,2021
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ရွာသစ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ရောဂါထိန်းချုပ်ရေးလုပ်ငန်း အောင်မြင်နိုင်ရေး အတွက် ပြည်သူလူထုများ ပူးပေါင်းပါဝင်လိုက်နာရမည့် ကျန်းမာရေး ညွှန်ကြားချက်များအား မြန်မာ၊ ရှမ်း၊ ကယား သုံးဘာသာဖြင့် အသိပေး နှိုးဆော်ခြင်းကို ယနေ့နံနက်ပိုင်းက မြောက်ပိုင်းရပ်ကွက်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သရက်မြို့၌ အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးဆက်လက် ထိုးနှံပေး
Oct 18,2021
မကွေးတိုင်းဒေသကြီး သရက်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက်(၁၂)နှစ်နှင့် အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းများကို ယနေ့ နံနက် ၉ နာရီ က သတ်မှတ် စုရပ်နေရာများဖြစ်သော အခြေခံပညာကျောင်းများတွင် ဆက်လက်ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးသည့် အခြေအနေနှင့် ပတ်သက်၍ မိဘနှင့် ကျောင်းသားတို့၏ ရင်တွင်းပီတိ စကားသံများ
Oct 18,2021
ကျိုက်လတ်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ပညာသင်ကြားနေသော အသက် (၁၂)နှစ်နှင့် အထက် ကျောင်းသားကျောင်းသူများကို ယနေ့ နံနက်၉နာရီက အထက(၁) ကျောင်းတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးသည့် အခြေအနေနှင့်ပတ်သက်၍ ကျောင်းသား မိဘတစ်ဦးနှင့် ပထမဆုံးကာကွယ် ဆေးထိုးခဲ့တဲ့ ကျောင်းသားတစ်ဦးတို့၏ ရင်တွင်းပီတိစကားသံများကို ဖော်ပြလိုက်ရပါတယ်။
အပြည့်အစုံ ဖတ်ရန်
ပျော်ဘွယ်မြို့နယ်ရုံး Community Centre ခန်းမတွင်အခြေခံပညာမူလတန်းအဆင့် စကားပုံဆက်ပြိုင်ပွဲနှင့်ဆုချီးမြှင့်ပွဲကျင်းပ
Oct 18,2021
ပျော်ဘွယ်မြို့နယ်အတွင်းရှိ ကလေးငယ်များ စာပေလေ့လာဖတ်ရှုတတ်စေရေး၊ မြန်မာ့ရိုးရာ စကားပုံများကို သိရှိနားနိုင်ရေးကိုရည်ရွယ်၍ အခြေခံပညာမူလတန်းအဆင့် ကျောင်းသား၊ ကျောင်း သူများအား စကားပုံဆက်ပြိုင်ပွဲ နှင့်ဆုချီးမြှင့်ပွဲကို အောက်တိုဘာလ(၁၈)ရက်၊ နံနက်(၁၀)နာရီက မြို့နယ်ရုံး Community Centre ခန်းမတွင် ကျင်းပ ပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ဆင်ပေါင်ဝဲမြို့၌ အသက်(၁၂)နှစ်နှင့်အထက်ကျောင်းသား၊ကျောင်းသူများကို ပထမအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဒုတိယနေ့အဖြစ် ဆက်လက်ထိုးနှံပေး
Oct 18,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့ နယ်တွင် အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများကို ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ( Sinovac )ကို ဒုတိယနေ့အဖြစ် ဆက် လက်ထိုးနှံပေးခြင်းကို ယနေ့နံနက်(၈)နာရီက ဆင်ပေါင်ဝဲမြို့နယ်အတွင်းရှိ သတ်မှတ်ထားသည့် ဆေးထိုးစုရပ်များ၌ ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ရပ်စောက်မြို့နယ် ဗထူးကျန်းမာရေး စစ်ဆေးရေးဂိတ်တွင် ဖြတ်သန်းသွားလာကြသည့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ အခမဲ့စစ်ဆေးပေး
Oct 18,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်၊ ဗထူးကျန်းမာရေး စစ်ဆေးရေးဂိတ်တွင် ဖြတ်သန်းသွားလာကြသည့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရခြင်းရှိ/မရှိ (RDT) Test Kit ဖြင့် အခမဲ့ စစ်ဆေးပေးခြင်း ဆောင်ရွက်မှုကို ယမန်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများက ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကမမောင်းမြို့အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(Sinovac)ကို ပထမအကြိမ်စတင်ထိုးနှံပေး
Oct 18,2021
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက်(၁၂)နှစ်နှင့်အထက် ကျောင်သား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(Sinovac) ပထမအကြိမ်ထိုးနှံပေးခြင်းကို ယမန်နေ့နံနက် ၉ နာရီခွဲမှစတင်၍ ကျန်းမာရေးဌာနမှဝန်ထမ်းများက ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25423
Page
25424
Page
25425
Page
25426
Current page
25427
Page
25428
Page
25429
Page
25430
Page
25431
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department