ကျိုက်မရောတွင် ကိုဗစ်-၁၉ ကာကွယ်ဆေး တတိယသုတ် (ပထမ)အကြိမ် ထိုးနှံပြီးသူများအား ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေး
Oct 22,2021
ကျိုက်မရောမြို့နယ်တွင် မြို့နယ်လုံးကျွတ် ကာကွယ်ဆေးလွှမ်းခြုံမှုပြည့်ဝပြီး ကိုဗစ်- ၁၉ရောဂါ ကူးစက်မှုနှုန်း လျော့နည်းကျဆင်းသွားပြီဖြစ်ရာ ဆက်လက် ထိန်းချုပ်နိုင်ရေး အတွက် အသက် ၅၅ နှစ်နှင့်အထက်ပြည်သူများ၊ ဒေသခံတိုင်းရင်းသားများနှင့် အသက် ၁၈ နှစ်ပြည့်ပြီးသူများ ဦးစားပေးအလိုက် ထိုးနှံပေးရမည့် ဦးတည်အုပ်စုများနှင့် တတိယအသုတ် (ဒုတိယအကြိမ်) ကာကွယ်ဆေး ထိုးနှံရမည့် သူများအားလုံးကို ယမန်နေ့ နံနက်ပိုင်းမှ စတင်ကာ အတ္ထရံခန်းမနှင့် ဆေးထိုးစုရပ် ၈ ခုတို့တွင် ဆက်လက် ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။