သာစည် အောက်တိုဘာ ၁၈
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် အသက် ၁၂ နှစ်နှင့်အထက် အထက်တန်းနှင့်အလယ်တန်း ကျောင်းသား/သူများအား ယမန်နေ့ နံနက်ပိုင်းက စတင်၍ဆေးထိုးအဖွဲ့များက ဆေးထိုးစုရပ် ၁၄ နေရာဖြင့်ပထမအကြိမ်ကိုဗစ်-၁၉ ကာကွယ်ဆေးစတင် ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။
ကာကွယ်ဆေးထိုးနှံပေးရာတွင် ဆေးထိုးစုရပ် ၁၄ နေရာ၌ကျောင်းပေါင်း ၃၉ ကျောင်းမှ ၂၀၂၁ ခုနှစ်ဇွန်လတွင် ကျောင်းအပ်နှံထားသော ကျောင်းသား/သူများအား စတင်ထိုးနှံပေးခြင်းဖြစ်ကြောင်းသိရပြီး ကျန်းမာရေးဝန်ထမ်း များအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများနှင့်တာဝန်ရှိသူများက မိဘအုပ်ထိန်းသူ၏ သဘောတူညီချက် လက်မှတ်ရယူခြင်း၊ သွေးပေါင်ချိန်ခြင်း၊ သွေးတွင်း အောက်ဆီဂျင်တိုင်းခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်းများနှင့်ဆေးထိုးပြီး နားနေရန် နေရာများကို စနစ်တကျ ဆောင်ရွက်ပြီး ထိုးနှံပေးလျက် ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်နှင့် အဖွဲ့ဝင် ဦးစိုးဝင်းအောင်တို့ လှည့်လည်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သာစည်မြို့နယ်တွင် အခြေခံပညာကျောင်း ၉၃ ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတစ်ကျောင်းနှင့် ကိုယ်ပိုင်အထက်တန်းကျောင်း တစ်ကျောင်း စုစုပေါင်း ၉၅ ကျောင်းတို့မှ အသက် ၁၂ နှစ်နှင့်အထက် အထက်တန်းနှင့်အလယ်တန်း ကျောင်းသား/သူ ၁၃၄၈၄ ဦးတို့အား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးသွားမည် ဖြစ်ကြောင်းသိရသည်။
မြို့နယ်ပြန်/ဆက်