မတ္တရာမြို့နယ်၌ ၁၂ နှစ်နှင့်အထက် ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ စတင်ထိုးနှံပေး

မတ္တရာ   အောက်တိုဘာ ၁၈

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများ၊ ဘုန်းတော်ကြီး သင်ပညာရေးကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှ ၁၂ နှစ်နှင့်အထက် ကျောင်းသား/ကျောင်းသူများကို ယမန်နေ့ နံနက်ပိုင်းမှ စတင်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို စတင်ထိုးနှံပေးခဲ့ကြောင်းသိရသည်။

အဆိုပါ ကျောင်းသား/ကျောင်းသူများကို ဆေးထိုးစုရပ်များဖြစ်သည့် အ.ထ.က(၁) မတ္တရာ၊ အ.ထ.က (မွေတလိုင်း)၊ အ.ထ.က(ရေနံ့သာ)၊ အ.ထ.က(အင်းတံခါး)၊ အ.ထ.က (ကျောက်တံတား)၊ အ.ထ.က(ဥဒိန်)၊ အ.ထ.က(တောင်ပြုံး)၊ အ.ထ.က(မိုးကြိုး)နှင့် အ.ထ.က (သုံးဆယ်ပေး)တို့၌ ဆေးထိုးအဖွဲ့(၉)ဖွဲ့ဖြင့် ထိုးနှံပေး ခဲ့ခြင်း ဖြစ်သည်။

မတ္တရာမြို့နယ်၌ ကျောင်းအပ်နှံထားသည့် အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား/ ကျောင်းသူ( ၃၉၃၁ ) ဦးအား ကာကွယ်ဆေးများထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

စိုးကျော်သူထွေး(မတ္တရာ)