မေတ္တာ အောက်တိုဘာ ၁၈
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် မေတ္တာမြို့တွင်အသက်(၁၂)နှစ်ပြည့်ပြီးသော ကျောင်းနေအရွယ်ကလေးတိုင်း (ပထမအကြိမ်) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ယနေ့ နံနက် ၈ နာရီခွဲမှစ၍ အ-ထ-က၊ မေတ္တာကျောင်း ခန်းမတွင် စနစ်တကျ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကာကွယ်ဆေးထိုးနှံရာတွင် ထားဝယ်မြို့နယ် ကျန်းမားရေးဦးစီးဌာနမှဝန်ထမ်းများက (အ-ထ-က)မေတ္တာစုရပ်၌ (အ-ထ-က)မေတ္တာနှင့်(အ-ထ-က) တောင်သုံးလုံး အခြေခံပညာ ကျောင်းများမှ အသက်(၁၂)နှစ် ပြည့်ပြီးသော အလယ်တန်း၊ အထက်တန်းကျောင်းသူ ကျောင်းသားများအား လည်းကောင်း၊ (အ-ထ-က)ဟိန္ဒါးစုရပ်တွင် (အ-ထ-က) ဟိန္ဒါးအခြခံပညာမှ အသက်(၁၂)နှစ်ပြည့်ပြီးသော အလယ်တန်း၊ အထက်တန်း ကျောင်းသား/ကျောင်းသူများအား လည်းကောင်း (ပထမအကြိမ်)ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနေခြင်းဖြစ်ကြောင်း သိရသည်။
နန်းခလိုက်(မေတ္တာ)