ပုသိမ်ကြီး အောက်တိုဘာ ၁၈
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ရုံးမှ ဝန်ထမ်းများသည် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးလျက်ရှိရာ အောက်တိုဘာ ၁၆ ရက် နံနက် ၉ နာရီခွဲက ဝင်းခြံကျေးရွာအုပ်စုမှ ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပန်းခင်းစီမံချက်ဖြင့် အသက်(၁၀)နှစ်ပြည့် နိုင်ငံသားစိစစ်ရေး ကတ်ပြားပြုလုပ်သူ ကျား(၁၅) ဦး၊ မ(၁၈)ဦး၊ အသက်(၁၈)နှစ်ပြည့် နိုင်ငံသားစိစစ်ရေး ကတ်ပြားဆောင်ရွက်သူ ကျား(၂၃)ဦး၊ မ(၄၈)ဦး၊ စုစုပေါင်း နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်သူ (၁၀၄)ဦးတို့အား ဆောင်ရွက်ပေးခဲ့ကြောင်း အဆိုပါဌာန လက်ထောက်မြို့နယ် မှူး ဦးမျိုးဝင်းကြိုင်ထံမှ သိရသည်။
ပုသိမ်ကြီးမြို့နယ်အတွင်း ပန်းခင်းစီမံချက်အရ ကျေးရွာများအရောက် ကွင်းဆင်း ဆောင်ရွက်ပေးသလို မြို့နယ်ရုံး၌ လည်း ပြည်သူများ လိုအပ်သည့် နိုင်ငံသားစိစစ်ရေးကတ်၊ အိမ်ထောင်စုစာရင်းနှင့် အခြားလိုအပ်သည်များကို အခမဲ့ ဆောင်ရွက်ပေးလျက်ရှိပြီး၊ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းနှင့် အသိပညာပေး နှိုးဆော်ခြင်းများလည်း ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ပုသိမ်ကြီး(ပြန်/ဆက်)