သတင်းများ

မဘိမ်းမြို့နယ်၌ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေး
Oct 18,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်တွင် မြို့နယ်အတွင်းရှိ ကာကွယ် ဆေးထိုးရန်ကျန်ရှိသည့် ပြည်သူများနှင့် ဦးစားပေးအဆင့်တွင် ပါဝင်သူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm ဒုတိယအကြိမ်ထိုးနှံပေးခြင်းကို ယနေ့နံနက် ၈ နာရီခွဲအချိန်မှစတင်၍ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန အဆောက်အအုံသစ်နှင့် သတ်မှတ်ဆေးထိုးစုရပ်နေရာများ၌ ဆက်လက်ထိုးနှံပေးလျက်ရှိ ကြောင်း သိရသည်။
ဖျာပုံမြို့နယ်၌ အသက်(၁၂)နှစ်နှင့်အထက်ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinovac)ပထမအကြိမ်စတင်ထိုးနှံပေး
Oct 18,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ပညာသင်ကြား လျက်ရှိသည့် အသက် (၁၂)နှစ်နှင့် အထက်ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယမန်နေ့နံနက်(၉)နာရီအချိန်က ဖျာပုံမြို့အထက(၁)ကျောင်း​ဆေးထိုးစုရပ်တွင် စတင်ထိုးနှံပေး လျက် ရှိကြောင်းသိရသည်။
တာမွေမြို့နယ်အတွင်းရှိ အသက်(၁၂)နှစ်နှင့်အထက် အခြေခံပညာ အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသား/သူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေးလျက်ရှိ
Oct 18,2021
“ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးကြပါစို့ ” ဆိုသည့် ဆောင်ပုဒ်အတိုင်း မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ အခြေခံပညာ အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသား/သူများအား ပညာသင်ယူခွင့် အခွင့်အလမ်းများ ရရှိလာစေရန်၊ အတူနေမိသားစုနှင့် ပတ်ဝန်းကျင်သို့ ရောဂါကူးစက် ပြန့်ပွားမှုကို တားဆီးရန်နှင့် ကျောင်းဖွင့်ချိန်အမီ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးလွှမ်းခြုံမှု အလျင် အမြန် ရရှိစေရန် ရည်ရွယ်ပြီး နိုင်ငံတော်အစိုးရမှ ဦးစားပေး အစီအစဉ်အလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်း အချိန်ကလည်း ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေ မြို့နယ်ရှိ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက မြို့နယ်အတွင်းရှိ အသက်(၁၂)နှစ်နှင့်အထက် အခြေခံပညာ အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသား/သူများအား တရုတ်နိုင်ငံထုတ် Sinovac အမျိုးအစား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
မန်တုံမြို့တွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး (SINOPHARM) တတိယသုတ် (First Dose) ပြည်သူ (၅၅) ဦးအားထိုးနှံပေး
Oct 18,2021
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်ပြည်သူ့ဆေးရုံ၌ ယမန်နေ့ နံနက် (၉) နာရီအချိန်က စတင် ကာကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများအား (SINOPHARM) တတိယသုတ် (First Dose) ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
တနင်္သာရီမြို့နယ် ပြန်/ဆက်ရုံးရှေ့ရှိ မြေစိုက်ဘုတ်တွင် အသိပညာပေး နံရံကပ် စာစောင်များ ကပ်ထားကြေညာထားရှိ
Oct 18,2021
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးအရှေ့ရှိ အသိပညာပေးနံရံ ကပ်စာစောင်များကို အစဉ်ဆက်ပြတ် ကပ်ထားကြေညာပေးလျက်ရှိသည့် မြေစိုက်ဘုတ်တွင် ယနေ့ နံနက် ၉ နာရီအချိန်မှစ၍ ဒေသခံမိဘပြည်သူများနှင့် ခရီးသွားများ၊စာပေလေ့လာမှတ်သားသူများ အသိပညာဗဟုသုတပွားများတိုးပွါးရရှိစေရေးရည်ရွယ် လျက် ဦးစီးမှူးနှင့် ဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါဆိုင်ရာကာကွယ်ရေးနည်းလမ်းများနှင့် သိ ကောင်းစရာများကို ကပ်ထား ကြေညာပေးထားကြောင်း သိရှိရသည်။
ကျောက်ပန်းတောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုနှင့် ကူးစက်ပြန့်ပွားမှုလျော့နည်းကျဆင်းစေရေးအတွက် အသိပညားပေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်လျက်ရှိ
Oct 18,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုနှင့် ကူးစက်ပြန့်ပွား မှု လျော့နည်းကျဆင်းစေရေးအတွက် အသိပညာပေးလုပ်ငန်းများ စဉ်ဆက်မပြတ် လုပ်ဆောင် လျက်ရှိရာ၊ ယနေ့ နံနက်(၈)နာရီက ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနှင့် ကာကွယ်ဆေးများ မဖြစ်မနေထိုးနှံကြရေး အတွက် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက လှည့်လည် အသိပညာ ပေး နှိုးဆော်ခဲ့ကြကြောင်းသိရသည်။
ပြင်ဦးလွင်မြို့နယ်အတွင်း ကိုဗစ်- ၁၉ ရောဂါပိုး ရှိ / မရှိ စစ်ဆေးရာ ပိုးတွေ့ ( ၁၄ ) ဦးထပ်မံတွေ့ရှိ
Oct 18,2021
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးနှင့် ရောဂါ ကြိုတင် ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် သံသယလူနာများအား ယမန်နေ့နံနက်ပိုင်းမှစ၍ သက်ဆိုင်ရာ ကျန်းမာရေးစင်တာ များတွင် စစ်ဆေးရာ ကိုဗစ် -၁၉ ရောဂါပိုး တွေ့ရှိသူ( ၁၄ )ဦး တွေ့ရှိကြောင်း သိရသည်။
ကျိုက်လတ်မြို့နယ် အမှတ်(၆)ရပ်ကွက်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်
Oct 18,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရုံးမှ လူမှုဘဝပြည့်စုံဖို့နိုင်ငံသားကတ်ကိုင်ကြစို့ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယမန်နေ့နံနက်၉နာရီကအမှတ်(၆)ရပ်ကွက်တွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။