ငဖဲမြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်း(ပင်စင်စား)(၈၃၄)ဦး၏ ပင်စင်လစာငွေများ ဆက်လက် ထုတ်ပေးလျက်ရှိ

ငဖဲ အောက်တိုဘာ ၂၂

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာအုပ်စု (၃၃)အုပ်စုတွင် နိုင်ငံ့ဝန်ထမ်းပင်စင်စား (၈၃၄)ဦး နေထိုင်လျက်ရှိရာ ဝန်ထမ်း(ပင်စင်စား) များ၏ အောက်တိုဘာလအတွက် ပင်စင်လစာများကို ယနေ့မှစတင်၍ ငဖဲမြို့ မြန်မာ့စီးပွားရေးဘဏ်၌ ဘဏ်ဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါ ကျန်းမာရေး ညွှန်ကြားချက်များနှင့်အညီ အလှည့်ကျ သတ်မှတ်နေ့အလိုက် စနစ်တကျ ထုတ်ပေး လျက်ရှိကြောင်း သိရသည်။

ငဖဲမြို့အတွင်းတွင် မြို့ပြပင်စင် ( ၄၁၈)ဦး၊ ကာကွယ်ရေးပင်စင် (၃၁၉)ဦး၊ နိုင်ငံရေးပင်စင် (၉၁)ဦး၊ မြန်မာ့ စီးပွားရေးဘဏ်ပင်စင် ()ဦး၊ ဗဟိုဘဏ်ပင်စင် ()ဦး၊ စုစုပေါင်း (၈၃၄) ဦးရှိရာ ငဖဲမြို့မြန်မာ့စီးပွားရေး ဘဏ်ဝန်ထမ်းများက ယနေ့ နံနက် ၇နာရီ မှစတင်၍ ညနေ နာရီအထိ နေ့စဉ်ပင်စင်လစာများ ထုတ်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။

အငြိမ်းစားဝန်ထမ်းပင်စင်စားများအနေဖြင့် ပင်စင်လစာများ လာရောက်ထုတ်ယူရာတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး ကျန်းမာရေး လမ်းညွှန်ချက်များနှင့်အညီ နှာခေါင်းစည်း (mask) တပ်ဆင်၍ လာရောက်ရမည် ဖြစ်ပြီး သတ်မှတ်ရက်များတွင် လာရောက် ထုတ်ယူနိုင်ခြင်း မရှိသည့် ပင်စင်စားများ အနေဖြင့် ရုံးဖွင့်သည့် နေ့ရက်တိုင်း လာရောက် ထုတ်ယူနိုင်ကြောင်း သိရသည်။

မယု(ငဖဲ)