ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေး
Jun 22,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် အထွေထွေအုပ်ချုပ်ရေး အစည်းအဝေး ခန်းမ၌ ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်က ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးနှင့် ကူးစက်မှုနှင့် သံသယရှိသူများ ကုသနိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များ နှင့်အညီ ကြိုတင်ပြင်ဆင် ထားရှိနိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေး ခဲ့ကြောင်း သိရသည်။