တောင်ကုတ်မြို့ အခြေခံပညာကျောင်းများ၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Sinovac အား ပထမအကြိမ် ဆက်လက်ထိုးနှံ

တောင်ကုတ် အောက်တိုဘာ ၂၂

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ တောင်ကုတ်မြို့နယ် အခြေပညာကျောင်းများ၌ ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ကိုဗစ်-၁၉ရောဂါကာ ကွယ်ဆေး Sinovac အား အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်သူများအား ယမန်နေ့ နံနက် ၈ နာရီခွဲအချိန်မှ မွန်းတည့် ၁၂ နာရီအချိန်ထိ လည်းကောင်း၊ မွန်းလွဲ နာရီမှ ညနေ နာရီ အချိန်ထိ လည်းကောင်း၊ ဂူတာရပ်ကွက် အထက()မြို့မကျောင်းခန်းမ၌ ဆက်လက် ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။

ထိုသို့ အခြေခံပညာကျောင်းများ၌ စတင်ထိုးနှံ ပေးလျက်ရှိသော ကိုဗစ်-၁၉ ကာကွယ်ဆေးမှာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ ထုတ်လုပ်သော Sinovac အမျိုးအစားဆေးဖြစ်ပြီး ပထမအကြိမ်အဖြစ် အခြေခံပညာကျောင်း (၁၇)ကျောင်း၌ ကာကွယ်ဆေး ထိုးနှံနိုင်သူ (၅၈၇၄)ဦးအနက် (၄၇၃၀)ဦးအား ထိုးနှံပေးပြီးဖြစ်ရာ ယနေ့ အထက()မြို့မကျောင်း၌ အလယ်တန်းအဆင့်မှ အထက်တန်းအဆင့်ထိ စုစုပေါင်း(၇၄၀)ဦး၊ အထက(ခွဲ) သွေးကျောက်၌ (၁၉၁)ဦး၊ စုစုပေါင်း(၉၆၄)ဦးအား ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။

စန်းဝင်း မြို့နယ်(ပြန်/ဆက်)